ဧဒင်ရိပ်မြုံ၏ဆန်းသစ်တီထွင်မှု
မိသားစုအခြေပြုပညာရေးချဥ်းကပ်မှုအစီအစဥ်
ဧဒင်ရိပ်မြုံ၏ မိသားစုအခြေပြုူပညာရေးအစီအစဥ်ကိုမိတ်ဆက်ခြင်း -
ဤမိသားစုအခြေပြုပညာရေးအစီအစဥ်သည် နှစ်ပေါင်း (၂၀) ကျော် မသန်စွမ်းကလေးများအား ဝန် ဆောင်မှုပေးသည့် ဧဒင်ရိပ်မြုံ၏ပရဟိတလုပ်ငန်းသက်တမ်းအတွင်း ပထမဦးဆုံးလုပ်ဆောင်သော ဆန်းသစ် တည်ထွင်မှုဖြစ်ပါသည်။ လက်ရှိလျင်မြန်စွာပြောင်းနေသောမြန်မာနိုင်ငံ၏အခြေအနေတွင် ရှင်သန်နေကြ သည့် မသန်စွမ်းကလေးရှိမိသားစုများအတွက် အကိုက်ညီဆုံးဖြစ်မည့်အစီအစဥ်တစ်ခုဖြစ်ပါသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် တသ်ခါမှမကြုံဖူးသော တိုင်းပြည်မငြိမ်မသက်ဖြစ်မှု၊ အစိုးရ၏စီမံအုပ် ချုပ်မှုယန္တရားယိုယွင်ူပျက်စီးနေမှု၊ မသန်စွမ်းကလေးများအတွက်လိုအပ်နေသောဝန်ဆောင်မှု စနစ်တစ်ကျရရှိ လာနိုင်ရေး စိတ်ကူယဥ်၍မရသောအခြေအနေ၊ ကျွမ်းကျင်သူများမွေးထုတ်နိုင်မည့်အချိန်ကာလခန့်မှန်း၍ မရ သောအခြေအနေ အစရှိသည့်အမှန်တရားများကိုထည့်သွင်းစဥ်းစားပြီး လက်တွေ့အကျဆုံးသော မိဘများအား ဆိုင်ရာကျွမ်းကျင်သူများမှ စွမ်းဆောင်ရည်မြှင့်တင်ပံ့ပိုးကာ ကူညီအားပေးနိုင်မည့်ဤအစီအစဥ်သည် လက် တွေ့အကျဆုံးသော၊ အလိုအပ်ဆုံးသော ဆန်းသစ်တည်ထွင်မှုတစ်ခုဖြစ်နေပါသည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေတွင် ဝန်ဆောင်မှုလိုအပ်နေသော်လည်း လက်လှမ်းမှီရရှိနိုင်သော မသန်စွမ်းကလေးဦးရေ သည် ထောင်ဂဏန်းပင်ပြည့်မည်မဟုတ်ပါ။ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအစီရင်ခံစာအရ မြန်မာနိုင်ငံ၏ မသန်စါမ်းနိုင်ငံသားဦးရေသည် ပြည်သူအားလုံး၏ ၁၂.၈ % ရှိသည်ဟုဖေါ်ပြပါသည်။ ၂၀၁၄ သန်းခေါင်စာရင်း အစီရင်ခံစာထက် ၃ ဆများလာပါသည်။ မသန်စွမ်းကလေးစုစုပေါင်း သိန်းချီရှိနေပါသည်။ တစ်နည်းအားဖြင့် သိန်းချီသောမသန်စွမ်းကလေးများသည် လက်ရှိတွင်မည်သည့်ဝန်ဆောင်မှုမှမရရှိဘဲ ရှင်သန်နေကြပါသည်။
ဤကြီးမားသောကွက်လပ် တစ်နည်းအားဖြင့် အရေးတစ်ကြီးတောင်းဆိုလာမှုကို ဖြည့်ဆည်းပေးနိုင် မည့်နည်းလမ်းသည် ဧဒင်ရိပ်မြုံမှဆန်းသစ်တည်ထွင်ထားသော ဤမိသားစုအခြေပြုပညာရေးအစီအစဥ်ပင် ဖြစ်ပါသည်။ ဤဆန်းသစ်တည်ထွင်မှုသည် ဧဒင်ရိပ်မြုံ၏ မသန်စွမ်းကလေးများကိုဝန်ဆောင်မှုပေးသည့် လုပ် ငန်းတွင်နှစ်ပေါင်းနှစ်ဆယ်ကျော်အတွေ့အကြုံကို အခြေခံပြီး လက်ရှိအခြေအနေနှင့်ကိုက်ညီအောင်ဖေါ်ထုတ် ထားသောဆန်းသစ်တည်ထွင်မှုဖြစ်ပါသည်။ တစ်နည်းအားဖြင့် မသန်စွမ်းကလေးများအတွက် တွေ့ရှိထား သည့်လိုအပ်ချက်ကို၊ ဟာကွက်ကြီးကို ဖြည့်ဆည်းရန်အမြဲတမ်းကြိုးစားနေသော ဧဒင်ရိပ်မြုံ၏နှလုံးသား၊ ခံယူချက်စိတ်ထား၏ အသီးအပွင့်တစ်ခုဖြစ်ပါသည်။
မသန်စွမ်းကလေးအပါအဝင် မိသားစုများ၏ပျော်ရွှင်ချမ်း မြေ့မှုရရှိခံစားနိုင်ရန်အတွက် ရည်ရွယ်ကာလုပ်ဆောင်ရန်ဖြစ်ပါသည်။
ဧဒင်ရိပ်မြုံမှဆန်းသစ်တည်ထွင်ထားသောဤ မိသားစုအခြေပြုပညာရေးအစီအစဥ်ကို အဓိကတာဝန် ယူဖေါ်ဆောင်သွားမည့်သူမှာ ပင်တိုင်ကူညီသူဖြစ်ပါသည်။ ဧဒင်ရိပ်မြုံအနေဖြင့် ပင်တိုင်ကူညီသူဖြစ်သင်တန်း အတွက် သင်ရိုးညွှန်းတမ်းကိူ စနစ်တစ်ကျပြုစုထားပါသည်။ အခြေခံပင်တိုင်ကူညီသူသင်တန်း၊ မွမ်းမံပင်တိုင် ကူညီသူသင်တန်း၊ ပင်တိုင်ကူညီသူလက်စွဲစာအုပ် အစရှိသည့်အရင်းအမြစ်များကိုလည်း စုံလင်စွာပြုစုထားပါ သည်။ အနာဂတ်တွင် ဤမိသားစုအခြေပြုပညာရေးအစီအစဥ်ကို အခြားအဖွဲ့အစည်းများကလည်း သင်ယူပြီး တိုးချဲ့အကောင်အထည်ဖေါ်ဆောင်လာနိုင်ရေးကို စီမ့ချက်ကောင်းစွာထားရှိပြီး ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဧဒင်ရိပ်မြုံအနေဖြင့် ၂၀၂၅ ခုနှစ်ကစပြီး အချိန်ပြည့်ပင်တိုင်ကူညီသူ (၂) ဦးခန့်ထားကာမိသားစု နှင့်မသန်စွမ်းကလေး (၁၀၀) အား ဝန်ဆောင်မှုစတင်ပေးနေပြီဖြစ်ပါသည်။ မိသားစုအခြေပြုပညာရေး အစီ အစဥ်ကို အကောင်အထည်ဖေါ်မည့်သူများမွေးထုတ်နိုင်ရန်အတွက် ပင်တိုင်ကူညီသူဖြစ်သင်တန်းကိုလည်း သုံးကြိမ် ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါသည်။
ဆန်းသစ်တီထွင်မှုခရီးလမ်း
ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံသည် မသန်စွမ်းကလေးများအားမေတ္တာဖြင့်အစေခံကာ သူတို့ဆုံးရှုံးနေသော မွေးရာပါအခွင့်အရေးများကို အခြားကလေးများနည်းတူ လက်လှမ်းမှီရရှိခံစားလာနိုင်ရန် အတွက် ဆက်ကပ်ဆောင်ရွက်ရန် ၂၀၀၀ ပြည့်နှစ် ဧပြီလ (၁၈) ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ တွင် မသန်စွမ်းကလေးများအတွက် ဝန်ဆောင်မှုပေးသည့်အတွေ့အကြုံရှိသူ မြန်မာနိုင်ငံသားများက စတင် ဖွဲ့စည်းထားသော ပရဟိတလုပ်ငန်းတစ်ခုဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဧဒင်ရိပ်မြုံ၏နှလုံးသားသည် မြန်မာ နိုင်ငံသား မသန်စွမ်းကလေးများအနေဖြင့် သူတို့လိုအပ်နေသောဝန်ဆောင်မှုများလုံဝနီးပါး မရရှိနိုင်ဖြစ်နေမှု ဟူသည့် ကြီးမားသောလိုအပ်မှုကြီးကို သိလာပြီးနောက် ထိုတောင်းဆိုမှုကိုအတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင် ရန်အတွက် အမြဲတမ်းနည်းလမ်းရှာနေသောနှလုံးသားဖြစ်ပါသည်။ ထို့ကြောင့် ဧဒင်ရိပ်မြုံအနေဖြင့် မသန်စွမ်း ကလေးများမှ လိုအပ်သောဝန်ဆောင်မှုများရရှိနိုင်ရန်၊ ပိုမိုကောင်းမွန်ပြီးအရည်အသွေးရှိသောဝန်ဆောင်မှုများ ဖြစ်ရန်၊ မသန်စွမ်းကလေးနှင်မသန်စွမ်းသူများအတွက် ဥပဒေများ၊ မူဝါဒများရှိလာရန်၊ သည၍ကောင်းမွန်စော အစီအစဥ်များ၊ နည်းလမ်းများဆန်းသစ်တည်ထွင်၊ ရှာဖွေအကောင်အထည်ဖေါ်သွားရန်တို့အတွက် အမြံတမ်း မမှိတ်မသုံကြိုးစား လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
ဧဒင်ရပိမြုံ ပရဩိတလုပ်ငန်း၏ နှစ်ပေါင်း (၂၀) ကျော်အတွေ့အကြုံမှတစ်ဆင့် အမြဲတမ်းလေ့လာ သင်ယူမှု လုပ်ဆောင်နေပါသည်။ လုပ်ဆောင်နေယင်း သင်ယူမှုများဆက်တိုက်လုပ်ဆောင်လာခဲ့ပါသည်။ မသန်စွမ်းဆိုင်ရာစီမံကိန်းများကို နိုင်ငံအနှံ့အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်းဖြင့်သော်လည်းကောင်း၊ မိမိတို့လူမျိုး၏ယဥ်ကျေးမှုများ၊ ပကတိအခြေအနေများ၊ ကိုယ်တိုင်အတွေအကြုံမျိုးစုံများမှတစ်ဆင့် သင်ယူ လာခဲ့သည့် အယူအဆ၊ နည်းလမ်းနှင့် အသိပညာများကို အောက်ပါဇယားတွင် အကျဥ်းချုံးဖေါ်ပြထားပါသည်။
အဓိပ္ပါယ်ဖွင့်ခြင်း၊ ရူပါရုံ၊ အနာဂတ်မြော်မှန်းချက်၊ ဆောင်ပုဒ်နှင့် ပန်းတိုင်
မိသားစုအခြေပြုပညာရေး။
မိသားစုအခြေပြုပညာရေးအစီအစဉ်သည် မသန်စွမ်းကလေးလိုအပ်နေ သည့် ဝန်ဆောင်မှုများကို မိဘများမှစနစ်တကျလုပ်ဆောင်ပေးနိုင်ရန်နှင့် မိသားစုချမ်းသာသုခရရှိနိုင်ရေး အတွက် ဧဒင်ရိပ်မြုံမှဆန်းသစ်တီထွင် မိတ်ဆက်ပေးသော မသန်စွမ်းကလေးမိဘများအား ကျွမ်းကျင်မှုပံ့ပိုး မှုပေးသည့်အစီအစဉ် ဖြစ်သည်။
ရူပါရုံ။
မသန်စွမ်းကလေးအား မိသားစုအတွင်းမေတ္တာပွားများစေသည့်ရင်သွေးအဖြစ် လက်ခံ တန် ဖိုးထား ခြင်းဖြင့် ပျော်ရွှင်သောမိသားစုဘဝ ပိုင်ဆိုင်ရရှိလာသည်သာမက အခြားမသန်စွမ်းကလေးရှိမိဘနှင့် မိသားစုများကို လည်း အားပေး လာနိုင်သောမိသားစုဖြစ်လာကြသည်။
ဆောင်ပုဒ်။
သုခရိပ်မြုံမိသားစုများဖြင့် သာယာ၊ အေးချမ်း၊ စည်းလုံးသော လူမှုဝန်းကျင် တည်ဆောက် မယ်။
ပန်းတိုင်းများ။
၁။ မိသားစုများ၏မြော်လင့်ချက်ကိုပြန်လည်ထွန်းညှိပေးရန်။
၂။ မိသားစုတိုင်း မိမိတို့မိသားစု၏ပျော်ရွှင်ချမ်းသာမှုကို ကိုယ်တိုင်ဆောင်ရွက်လာနိုင်ရန်
၃။ ဘဝတူအခြားမိသားစုများအား အကူအညီပေးနိုင်သောမိသားစုများဖြစ်လာ၇◌န်နှင့်
၄။ မိသားစုများအား အထီကျန်သူများမဟုတ်၊ ဧဒင်မှဂရုစိုက်ကြောင်းအသိပေးရန်
အယူအဆများ (Concepts)
၁။ တစ်ဖက်သတ်မေတ္တာရှင်မိဘ၏အခန်းကသည် မသန်စွမ်းကလေးအကောင်းဆုံး တိုးတက်လာရန်နှင့်ချမ်းသာသုခခံစားနိုင်ရန်အတွက် အရေးအပါဆုံးဖြစ်သည်။
၂။ မသန်စွမ်းကလေး၏ မိဘမေတ္တာသည် မိသားစုအတွက်သာ၍ကောင်းသော အပြောင်းအလဲကိုဖန်တီးပေး နိုင်စွမ်းရှိသည်။
၃။ မသန်စွမ်းကလေးများအနေဖြင့် အကောင်းဆုံးသင်ယူမှု ကို သူ့ကိုအချစ်ဆုံးနှင့်အချိန်အများဆုံးပေး နေသောမိဘများထံမှ ရရှိနေကြသည်။
၄။ မိသားစုအခြေပြုပညာရေးအစီအစဥ်သည် အနီးအဝေးမရွှေး နေရာတိုင်းမှ လက်လှမ်းမီရယူနိုင်သည်၊ ရေရှည်အကျိုးရှိသည်၊ ရိုးရှင်းပြီးလွယ်ကူသည်၊ ကုန်ကျမှုနည်းသည်။
၅။ မသန်စွမ်းကလေးမွေးဖွားထားသော်လည်း ပျော်ရွှင်စွာနေထိုင်နိုင်သောမိသားစုသည့် အကျုံးဝင်လူမှု အဖွဲ့အစည်းဖြစ်လာရေးအတွက် အစပြုလှုံ့ဆော်ပေးသည်။
အစီအစဥ်များ (Programs)
မိသားစုအခြေပြုပညာရေးအစီအစဥ်၏ပန်းတိုင်ဖြစ်သော ကျော်ရွှင်သောမိသားစုနှင့်အကျုံးဝင်လူမှုအဖွဲ့အ စည်းဖြစ်လာရန်အတွက် အဆင့်ကြီး (၅) ဆင့်ရှိပါသည်။ (၁) မသန်စွမ်းကလေးအကောင်းဆုံးတိုး တက်လာ နိုင်ရေးအတွက် အစားထိုးမရသောမိဘဝတ်ကိုသိရှိပြီးတာဝန် ကျေပြွန်သောမိဘများဖြစ်လာစေရေးအစီအစဥ်၊
(၂) မိဘများအား သူတို့ကိုယ်တိုင်ဦးဆောင်ပြီး ပျော်ရွှင်သောမိသားစုဘဝဖန်တီးလာနိုင်ရန်အတွက် လိုအပ် သောဗဟုသုတများမှင့် အသိပညာများမြှင့်တင်ပေးမည့်အစီအစဥ်၊
(၃) မိဘများအား မသန်စွမ်းကလေးကို နေ့စဥ်အကောင်းဆုံးပြုစုပေးနိုင်ရန်အတွက် လိုအပ်နေသောအခြေခံပြုစုနည်းနှင့်ကျွမ်းကျင်မှုများကို ဖြည့် ဆည်းပေးမည့်အစီအစဥ်၊
(၄) မိသားစုချမ်းသာသုခအတွက် ကိုယ်တိုင်ကြိုးစားလုပ်ဆောင်နေသော မိဘများ အားလိုအပ်နေသောပံ့ပိုးမှုမှားပေးမည့်အစီအစဥ်နှင့်
(၅) မသန်ွမ်းကလေး၊ မိဘနှင့်မိသားစုများသည် မိမိတို့ နေထိုင်ရာလူမှုဝန်းကျင်တွင် ခွဲခြားဆက်ဆံမှုမခံစားဘဲ တန်းတူရှင်သန်လာစေရေးအစီအစဥ်များဖြစ်ပါသည်။

ချဥ်းကပ်မှုပုံစံများ
မိသားစုအခြေပြပညာရေးအစီအစဥ်တွင် ဝန်ဆောင်မှုပေးရာတွင် ရှိနေပြီးသား၊ လူသိလူသုံးများသည့် ချဥ်းကပ်မှုများကို အလျဥ်းသင့်သလို မိမိတို့ဆန်းသစ်တည်ထွင်ထားသောအစီအစဥ် ပိုမိုထိရောက်မှုရှိရန်နှင့် အကျိုးရှိရန်အတွက် ထည့်သွင်းအသုံပြုထားပါသည်။ မိသားစုအခြေပြုပညာရေး၏အယူအဆ၊ ရူပါရုံနှင့် ပန်း တိုင်များကိုပြည့်မှီနိုင်ရန်အတွက် အနည်းငယ်လိုတိုး ပိုလျော့ပြုလုပ်ပြီး လိုအပ်သလိုအသုံးပြုထားပါသည်။ ယင်းချဥ်းကပ်မှုများမှာ -
- ကလေးဗဟိုပြုချဥ်းကပ်မှု
- မိသားစုဗဟိုပြုချဥ်းကပ်မှု
- အခွင့်အရေးအခြေပြုချဥ်းကပ်မှု
- အားသာချက်အခြေပြုချဥ်းကပ်မှု
- ပုံမှန်လုပ်ဆောင်ချက်အခြေပြုချဥ်းကပ်မှုနှင့်
- ကျွမ်းကျင်သူများပူးပေါင်းဆောင်ရွက်မှု
ဤမိသားစုအခြေပြုပညာရေးအစီအစဥ်သည် လက်ရှိမြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့်ကိုက်ညီ မည့်အစီအစဥ်တစ်ခုဖြစ်အောင် ဧဒင်ရိပ်မြုံ၏နှစ်ပေါင်းများစွာအတွေ့အကြုံကိုအခြေခံကာ ဆန်းသစ်တည် ထွင်ထားပါသည်။ မိမိတို့အနေဖြင့် ဤဆန်းသစ်တည်ထွင်မှုသည် မြန်မာနိုင်ငံသားမသန်စွမ်းကလေးနှင့် သက် ဆိုင်ရာမိသားစုများအတွက် အမှန်တစ်ကယ်အကျိုးပြုနိုင်မည့်အစီအစဥ်ဖြစ်မည်ဟု အခိုင်အမာယုံကြည်ထား ပါသည်။
အနာဂတ်အစီအစဥ်များ
ပင်တိုင်ကူညီသူသင်တန်းကောင်းမွန်စွာပြီးမြောက်သောသူများကသာ လုပ်ဆောင်သွားမည်။
ဧဒင်ရိပ်မြုံအနေဖြင့် ဤဆန်းသစ်တည်ထွင်မှုကို စနစ်တစ်ကျမှတ်ပုံတင်ကာ မူပိုင်ခွင့်လျှောက်ထား သွားပါမည်။
ဧဒင်ရိပ်မြုံအနေဖြင့် ဤဆန်းသစ်တည်ထွင်မှု (မိသားစုအခြေပြုပညာရေးအစီအစဥ်) ဖွံ့ဖြိုး၊ ခိုင်မာ၊ တိုးပွာလာနိုင်ရေးအတွက် လိုအပ်နေသော သုတေသနများ၊ စာအုပ်စာပေများ၊ မှတ်တမ်းမှတ်ရာများ စသည့် ခိုင်မာသည့် အထောက်အထားများကို အချိန်နှင့်တစ်ပြေးညီ ပြုစုတည်ဆောက်သွားမည်ဖြစ် ပါသည်။
ဧဒင်ရိပ်မြုံအနေဖြင့် အခြေခံနှင့် မွန်းမံသင်တန်းများအတွက် သင်ရိုးညွှန်းတမ်းများနှင့် သင်တန်း၏ လက်စွဲများကို စနစ်တစ်ကိ ပြုစု တည်ဆောက်သွားမည်ဖြစ်ပါသည်။
ဧဒင်ရိပ်မြုံအနေဖြင့် ပင်တိုင်ကူညီသူဖြစ်သင်တန်းများ (အခြေခံနှင့်မွန်းမံ) ကို အမြဲတမ်းပုံမှန်ပြုလုပ် သွားပါမည်။
ဤမိသားစုအခြေပြူုပညာရေးအစီအစဥ်ကို ဆင့်ပွားဖြန့်ဖြူးကာ တိုးချဲ့အကောင်အထည်ဖေါ်ဆောင် လိုသော လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းများအတွက်သော်လည်း ကောင်း ဝမ်းမြောက်စွာကြိုဆိုပြီး စနစ်တစ်ကျတိုးချဲ့သွားမည်ဖြစ်ပါသည်။