ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ၏ ပညာသင်နှစ်ကို နှစ်စဥ်နှစ်တိုင်း ဇွန်လတွင်စတင် ဖွင့်လှစ်ပြီး နောက်နှစ် မတ်လအကုန်တွင် စာသင်နှစ်ကို အဆုံးသတ်ကာ ဧပြီလနှင့် မေလကို နွေရာသီ ကျောင်းပိတ်ရက်ကာလအဖြစ် သတ်မှတ်ထားပါသည်။ စာသင်နှစ်သစ်တွင် ကျောင်းသားသစ်လက်ခံ ခြင်းကို မေလလည်မှစတင်ပြီး ဇွန်လကျောင်းဖွင့်သည့်အချိန်တွင် စာသင်နိုင်ရန်အဆင်သင့်ပြင်ဆင်ထား ကြပါသည်။
လက်ရှိတွင် ဧဒင်ရိပ်မြုံတွင် စာသင်ခန်း (၁၀) ခန်း၊ လေ့ကျင့်ခန်းပြုလုပ်သည့်အချန်း (၂) ခန်းနှင့် ကလေးများ၏အစီအစဥ်အချို့ပြုလုပ်နိုင်သည့် အခန်းအချို့လည်းရှိပါသည်။ အကန့်အသတ်ဖြစ်နေသော ဤနေရာများကို မသန်စွမ်းကလေးများအတွက် အကောင်းဆုံးအသုံးပြုနိုင်ရန် အမြဲကြိုးစားဆောင်ရွက် နေပါသည်။ မသန်စွမ်းကလေးပိုမိုလက်ခံနိုင်ရန်အတွက် ကလေးများကို အုပ်စုလေးခုခွဲပြီး လက်ခံသင် ကြားပေးနေပါသည်။ တစ်ချိန်တွင် စာသင်ခန်းတစ်ခုတွက် ကျောင်းသား (၈) ယောက်လက်ခံနိုင်ရန်စီစဥ် ထားပါသည်။