ဧဒင်ရိပ်မြုံသည် လက်ရှိနိုင်ငံ၏အခြေအနေအရ မသန် စွမ်းကလေးရှိသောမိဘ၊ မိသားစုများ၊ မသန်စွမ်းကလေးများ၏ အရေးတစ်ကြီးဝန်ဆောင်မှုလိုအပ်ချက်များကို တုန့်ပြန်ဖြည့် ဆည်းနိုင်ရန်အတွက် မိမိ၏နှစ်ပေါင်းနှစ်ဆယ်ကျော် အတွေ့ အကြုံများ၊ ကောင်းကြီးမဂ္လာများကိုအခြေခံပြီး မသန်စွမ်းက လေးများ၏မိဘများကို ဆက်သွယ်ပြီးစွမ်းဆောင်ရည်မြှင့်တင် ပေးမည့်အစီအစဥ်သစ် (မိသားစုအခြေပြုပညာရေးအစီအစဥ်) ကို ဆန်းသစ်တည်ထွင်ခဲ့ကြပါသည်။ လက်ရှိမြန်မာနိုင်ငံ၏အ ခြေအနေမှာ မသန်စွမ်းကလေးများ၊ မိသားစုဝင်များအတွက် နိုင်ငံတော်အစိုးရမှပံ့ပိုးမှုပေးလာသည့်အစီအစဥ်များ၊ အထူး ပညာရေးကျောင်းများမြို့တိုင်းတွင်တည်ထောင်လာကြမည့် အချိန်နှင့် သက်တိုင်ရာကျွမ်းကျင်သူများလုံလောက်စွာလက် လှမ်းမှီရရှိလာနိုင်မည့်အချိန်ကို စောင့်ဆိုင်းရန်လုံးဝမဖြစ်နိုင် သည့်အချိန်ဖြစ်ပါသည်။
ဤလိုအခြေအနေတွင် မသန်စွမ်းက လေး၏မိဘများကို အတတ်နိုင်ဆုံးကျွမ်းကျင်မှုမြှင့်တင်ပေးမည့်အစီအစဥ်သည် လက်တွေ့အကျဆုံး၊ လက်ရှိအခြေအနေတွင်အလိုအပ်ဆုံးသောအစီအစဥ်ဖြစ်သောကြောင့် ဧဒင်ရိပ်မြုံမှဆန်းသစ်တည်ထွင် ခြင်းဖြစ်ပါသည်။
ဤမိသားစုအခြေပုပညာရေးအစီအစဥ်သည် မိဘ သို့မဟုတ် အဓိကပြုစုသူတိုင်းက လုပ်ဆောင် နိုင်သည့် အလွန်ရိုးရှင်းသည့်အစီအစဥ်ဖြစ်ပါသည်။ သက်ဆိုင်ရာသင်တန်းဆင်းကျွမ်းကျင်သူ ပင်တိုင်ကူ ညီသူများမှအနီးကပ်အကူအညီပေးနေမည်ဖြစ်ပါသည်။ ယနေ့ခေတ်တွင် လူတိုင်းအသုံးပြုနိုင်သည့်နည်း ပညာများကိုအသုံးပြုပြီး ပုံမှန်ဆက်သွယ်ကာဝန်ဆောင်မှုပေးမည်ဖြစ်သောကြောင့် နိုင်ငံအနှံ့နေရာတိုင်း မှဆက်သွယ်ကာ လိုအပ်သောဝန်ဆောင်မှုများကို လက်လှမ်းမီရရှိနိုင်မည်ဖြစ်ပါသည်။ ဤအစီအစဥ် သည်မသန်စွမ်းကလေး၏မိဘများ သို့မဟုတ် အဓိကပြုစုသူများကို စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် အစီအစဥ်ဖြစ်သောကြောင့် ရေရှည်တည်တံ့နိုင်သည့်အစီအစဥ်ဖြစ်ပါသည်။ နောက်ပြီး လက်ရှိပကတိ
အခြေအနေအပေါ်အခြေခံပြီး လုပ်ဆောင်ခြင်းဖြစ်သောကြောင့် ကုန်ကျစရိတ်အနည်းငယ်သာရှိပါသည်။
ဤအစီအစဥ်ကိုအဓိကတာဝန်ယူပြီးလုပ်ဆောင်မည့်သူ ပင်တိုင်ကူညီသူကို ဧဒင်ရိပ်မြုံမှသီးသန့် မွေးထုတ်မည်ဖြစ်ပါသည်။ ပင်တိုင်ကူညီသူဖြစ်သင်တန်း၏ သင်ရိုးညွှန်းတမ်းကိုဧဒင်ရိပ်မြုံမှဝါရင့်ကျွမ်း ကျင်သူများမှ စုပေါင်းတည်ထွင်ပြီးဖြစ်ပါသည်။ မွေးထုတ်ထားသော ပင်တိုင်ကူညီသူများအား လက် တွေ့လုပ်ငန်းခွင်တွင် ဝန်ဆောင်မှုကို ထိရောက်စွာလုပ်ဆောင်ပေးနိုင်ရန်အတွက် နည်းပညာပံ့ပိုးသူ များအဖွဲ့ကို ဧဒင်ရိပ်မြုံတွင် မသန်စွမ်းကလေးများအား လက်တွေ့ဝန်ဆောင်မှုပေးနေသောကျွမ်းကျင် သူများဖြင့်ဖွဲ့စည်းပေးထားကာ ပင်တိုင်ကူညီသူများအား လိုအပ်သလိုအမြဲတမ်းအကူအညီပေးနေမည် ဖြစ်ပါသည်။
ပင်တိုင်ကူညီသူဖြစ်သင်တန်း (အခြေခံ)
ဧဒင်ရိပ်မြုံအနေဖြင့် မိသားစုအခြေပြုပညာရေးအစီအစဥ်ကို အကောင်အထည်ဖေါ်မည့် ပင် တိုင်ကူညီသူကိုမေါးထုတ်နိုင်ရန်အတွက် ဆန်းသစ်တည်ထွင်မှုစကတည်းက သင်ကြားပေးသင့်သော ခေါင်းစဥ်များ၊ ဘာသာရပ်များကို စုစည်းကာ စနစ်တစ်ကျပြုစုထားခဲ့ပါသည်။ အခြေခံပင်တိုင်ကူညီ သူဖြစ်သင်တန်းသည် လက်မှတ်ရသင်တန်းတစ်ခုဖြစ်ပြီး အနည်းဆုံး စာတွေ့၊ လက်တွေ့အချိန် စုစု ပေါင်း (၃၆) နာရီထက်မနည်း သင်ယူကြရမည်ဖြစ်ပါသည်။ ပါဝင်သောခေါင်းစဥ်အချို့များမှာ မိသား စုအခြေပြုပညာရေးချဥ်းကပ်မှုအစီအစဥ်၏ အယူအဆများ၊ အစီအစဥ်များ၊ ဖြစ်စဥ်နှင့်ပါဝင်နေသော အခန်းကများ၊ ချဥ်းကပ်မှုပုံစံနှင့်နည်းလမ်းများ၊ မိသန်စွမ်းမိဘ၊ မိသားစုများရင်ဆိုင်နေရသောစိန် ခေါ်မှုများနှင့် စိတ်ဖိစီးမှုများ၊ လျောချနိုင်မည့်မည်းလမ်းများ၊ ပင်တိုင်ကူညီသူ၏တာဝန်ဝတ္တရားများ၊ နည်းပညာပံ့ပိုးမည့်သူများအဖွဲ့၏တာဝန်များ၊ မိသားစုအခြေပြုပညာရေးတွင်အသုံးပြုမည့်ပုံစံများ၊ မှတတမ်းတင်မည့်နည်းလမ်းများ အစရှိသည်တို့ပါဝင်ပါသည်။
အပတ်စဥ် (၁) သင်တန်း
အပတ်စဥ် (၂) သင်တန်း
အပတ်စဥ် (၃) သင်တန်း
o Strat FBE program and recruit full time staff
ဧဒင်ရိပ်မြုံအနေဖြင့် ၂၀၂၅ ခုနှစ်ဆန်းချိန်မှစပြီး အချိန်ပြည့် ပင်တိုင်ကူညီသူ (၂) ဦးခန့်အပ်ရန်၊ မိဘအယောက် (၁၀၀) အားဆက်သွယ်ကာ မိ သားစုအခြေပြုပညာရေးအစီအစဥ်ဝန်ဆောင်မှု ပေးရန် အစီအစဥ်ချမှတ်ကာဆောင်ရွက်လာခဲ့ပါ သည်။ နှစ်ဆန်းတွင် ပင်တိုင်ကူညီသူတစ်ဦးခန့် ထားနိုင်ခဲ့ပြီး နောက်ထပ်တစ်ဦးကို ဩဂုတ်လဆန်းတွင်ခန့်နိုင်ခဲ့ကြပါသည်။ ၂၀၂၅ ခုနှစ်အတွင်း မိဘ (၁၀၀) အားဆက်သွယ်ကာ မိသားစုအခြေပြုပညာရေးဆိုင်ရာ ဝန်ဆောင်မှုပေးကြမည်ဖြစ်ပါသည်။.