Skip to Content

သတင်းအချက်အလက်များ

We are a team of passionate people whose goal is to improve everyone's life.
Administrator
မိသားစုအ‌ခြေပြုပညာရေးချဥ်းကပ်မှုအစီအစဥ် မိတ်ဆက်ပွဲအခန်းအနား
ဧဒင်ရိပ်မြုံ၏ပထမဦးဆုံးသော ဆန်းသစ် တည်ထွင်မှုတစ်ခုဖြစ်သော မိသားစုအ‌ခြေပြု ပညာရေးချဥ်းကပ်မှုအစီအစဥ်ကို အများပြည်သူ ထံတရားဝင်မိတ်ဆက်သည့်အခန်းအနားကို အင်း ယားလိပ်‌ဟော်တယ်တွင် ၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့မနကိတွင် ပြလုပ်ခဲ့ပါသည်။ ထိုအခန်းအနားသို ကုလသမဂ္ဂအဖွဲ့အစည်းများ၊ သံရုံးများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ ပြည်တွင်းမသန်စွမ်းအဖွဲ့အစည်းများနှင် ဧဒင်ရိပ်မြုံ၏ မိတ်ဖက်အဖွဲ့အစည်းများကိုဖိတ် ကြားခဲ့ပါသည်။ ဖိတ်ကြားထားသောသူများကလည်း စိတ်ဝင်စားစွာဖြင့် တက်ရောက်အားပေးခဲ့ကြပါ သည်။ စုစုပေါင်း (၅၀) ကျော်တက်ရောက်ခဲ့ကြပါသည်။ ဤမိတ်ဆက်ခြင်းအခန်းအနားတွင် ဧဒင်ရိပ်မြုံဖက်မှအောက်ဖေါ်ပြပါတင်ပြချက်များကို ပါဝါ ပိုင့်ဖြင့် ရှင်းလင်းပြောကြားပေးကာ တက်ရောက်သူများမှလည်း မေးခွန်းများမေးမြန်းခြင်း၊ ဖြည့်စွက် ဆွေးနွေးအကြံပေးခြင်းများလည်း လုပ်ဆောင်သွားကြပါသည်။ · ဆန်းသစ်တည်ထွင်မှု၏နောက်ခံသမိုင်း · မိသားစုအခြေပြုပညာရေးအစီအစဥ်ဆိုသည်မှာ · ပင်တိုင်ကူညီသူဖြစ်သင်တန်းနှင့်ရှေ့လုပ်ငန်းစဥ် တက်ရောက်လာသူများအား နေ့လည်စာဖြင့်ဧည့်ခံခဲ့ပါသည်။