ဧဒင်ရိပ်မြုံသည် ကိုအဂါနှင့်ဉာဏ်ရည်မသန်စွမ်းကလေးများလိုအပ်နေသော ဝန်ဆောင်မှုများကို သက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပညာရှင်များဖြင့်ဆောင်ရွက်ပေးနေပါသည်။ ဧဒင်ရိပ်မြုံမှလုပ်ဆောင်ပေးနေသော ဝန်ဆောင် မှုများတွင် အောက်ဖေါ်ပြပါ အထူးပညာရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုရေးဝန်ဆောင်မှုများစသည်တို့ ပါဝင် ပါသည်။
အထူးပညာရေးဆိုသည်မှာ မသန်စွမ်းကလေးတစ်ဦးချင်းစီအား ကလေးတစ်ဦး၏ပုံမှန်ဖွံ့ဖြိုးမှုစံနုန်းကို အခြေခံပြီး အသေအခြာ အထူးပညာရေးဆရာမများမှ စမ်းသပ်စစ်ဆေးကာ တစ်ဦးချင်းစီအတွက်ပညာရေး စီမံချက်ချမှတ်ရေးဆွဲကာ ထိုစီမံချက်အတိုင်း သင်ယူမှုပြုလုပ်ပေးသည့် သင်ကြားခြင်းဖြစ်သည်။
ဧဒင်ရိပ်မြုံတွင် အထူးပညာရေးဆရာမ (၁၀) ယောက်ဖြင့် အထူးပညာရေးဝန်ဆောင်မှုကို စနစ်တစ်ကျ ပြုလုပ်ပေးနေပါသည်။
ဤဝန်ဆောင်မှုနည်းသစ်ကို တရုပ်ပြည်မှ သင်ယူခဲ့နည့်နည်းသစ်တစ်ခုဖြစ်ပါသည်။ ဤနည်းသစ်တွင် မသန်စွမ်းကလေးမှအကောင်းဆုံးတိုတက်လာကာ ပျော်ရွှင်သောကလေးဘဝရရှိခံစားလာနိုင်ရန်အတွက် ကလေး၏မိဘများကိုဦးတည်ထားပြီး ဝန်ဆောင်မှုလုပ်ဆောင်ပေးပါသည်။ လက်ရှိတွင် ဤဌာနတွင် ဆရာမ နှစ်ဦး၊ အကြောအဆစ်ကျွမ်းကျင်သူနှစ်ဦးနှင့် လူမှုရေးအရာရှိတစ်ဦးတို့က လိုအပ်သောဝန်ဆောင်မှုများပေး နေကြပါသည်။ ဦးဆောင်လမ်းပြပညာရေးဌာနမှဝန်ထမ်းများအား မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် Silver Lining Foundation (SLF) မှကျွမ်းကျင် သူများက ပုံမှန်လေ့ကျင့်သင်ကြားပေးနေပါသည်။
ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုတွင် ဘွဲ့ရ အကြောအဆစ်ကုပညာရှင် (Physiotherapist) လေးဦးက လိုအပ်သော ကြွက်သားကြီး၊ ကြွက်သားငယ်များဆိုင်ရာလေ့ကျင့်ခန်းများ ပြုလုပ်ပေးပြီး ကလေး၏လှုပ်ရှားမှု အရည်အသွေးတိုးတက်ကောင်းမွန်လာရန်အတွက် အနီးကပ်၊ စနစ်တစ်ကျပြုလုပ်ပေးနေပါသည်။
ဧဒင်ရိပ်မြုံတွင် ရန်ကုန်တက္ကသိုလ်မှ လူမှုရေးဘာသာရပ်တွင် ဘွဲ့လွန်ဒီပလိုမာအောင်မြင်ထားသော လူမှု ရေးအရာရှိတစ်ဦးရှိပါသည်။ မသန်စွမ်းကလေးများနှင့် မိသားစုဝင်များအား လိုအပ်သည့်အကူအညီများကို ကူညီဆောင်ရွက်ပေးနေပါသည်။ ထပ်ဆောင်လိုအပ်နေသော အထူးဝန်ဆောင်မှုများ၊ အားပြုကရိယာများ၊ လိုအပ်နေစောသတင်းအချက်အလက်များရှာဖွေပေးြခင်း စသည့်လိုအပ်နေသောအရာများကို ဆောင်ရွက် ပေးနေပါသည်။
ဧဒင်ရိပ်မြုံသည် ၂၀၂၀ ခုနှစ်ကစပြီး ကောင်စလာတစ်ဦးခန့်ထားနိုင်ခဲ့ပါသည်။ နေမကောင်းသောသူများ၊ စိတ်အာငယ်နေသောမိဘများ၊ မိသားစုဝင်များ, အခြားအကူအညီလိုအပ်နေသော မိသားစုဝင်များ၊ ဝန်ထမ်းများအား လိုအပ်သည့် ဆွေးနွေးတိုင်ပင်အကြံပေးခြင်း၊ ဂရုစိုက်ပေးခြင်းများကို လုပ်ဆောင်ပေးနေပါသည်။
ရေကုထုံး (Hydrotherapy) - ကုသမှုအတွက် အထူးပြင်ဆင်ထားသော ရေကိုအသုံးပြုပြီး အမျိုး မျိုးသောလက္ခဏာများအတွက် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို လေ့ကျင့် ကုသပေးသည့် ကုသ ခြင်းကိုဆိုလိုသည်။
ဂီတကုထုံး (Music Therapy) - ကလေးများ၏ စိတ်ခံစားမှု၊ ဟန်ချက်ညီညီ ကိုယ်လက်လှုပ်ရှား မှု၊ ဆက်သွယ်လာနိုင်မှု စသည့်အခြေအနေများ၊ စိတ်ကူးခံစားချက် ထုတ်ဖော်လာနိုင်မှုများ ပိုမို ကောင်းမွန်၊ တိုးတက်မှုရရှိလာရန်အတွက် ဂီတ၏ထူးခြားသော ဂုဏ်သတ္တိကိုကုထုံးတစ်ခုအဖြစ် အသုံးပြုခြင်း။
အာရုံမျိုးစုံခံစားခန်း (Snoezelen / Multi-Sensory Room) - တက်ကြွလွန်းသူများ၊ စိုးရိမ်စိတ် ကြီးသူများနှင့် အာရုံခံစားမှုလွန်ကဲ (သို့) ငုတ်လွန်းသူများအား ပြန်လည်ထိမ်း ညှိနိုင်ရန်အတွက် လူတိုင်းတွင်ရှိနေသော အာရုံငါးပါးကို ရရှိခံစားနိုင်ရန် သီးသန့်ပြင်ဆင်ထားသောနေရာ၊ ပတ်ဝန်း ကျင်ဖြစ်သည်။
မသန်စွမ်းအားကစား (Disabled Sport) - ဧဒင်ရိပ်မြုံတွင် မသန်စွမ်းကလေးများ၏ ကိုယ်လက်လှုပ်ရှားမှုများ ကို ပေါ့ပေါ့ပါးပါးနှင့် ထိရောက်စွာလှုပ်ရှားလာနိုင်ရန်အတွက် ဆိုင်ရာကျွမ်းကျင်သူများ၏အစီအစဥ်ဖြင့် မသန်စွမ်း ကလေးနှင့်သင့်တော်သော ကိုယ်လက်လှုပ်ရှား ကစားနည်းများကို လုပ်ဆောင်ပေးနေပါသည်။ ကိုယ်ခန္ဓာမသန် စွမ်းသူများအတွက် Paralympic, ဉာဏ်ရည် မသန်စွမ်း သူများအတွက် Special Olympic နှင့် နားမကြားသူများ အတွက် Deaflympics စသည့် မသန်စွမ်းအားကစားပြိုင်ပွဲများအတွက်ကြိုတင်ပြင်ဆင်ခြင်းအပြင် ဖက်စုံကျန်းမာ တိုးတက်လာရန်။
ကလေးများ ဖွံ့ဖြိုးမှုနှောင့်နှေးနေရခြင်း၏အကြောင်းများစွာအနက် အဟာရချို့တဲ့ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါ သည်။ ထို့ကြောင့် ဧဒင်ရိပ်မြုံတွင် မသန်စွမ်းကလေးများအတွက် အဟာရဖြည့်စွက်စာကို ပုံမှန်ပြင်ဆင် ကြွေးပေး နေပါသည်။ လိုအပ်ချက်ရှိသောကလေးများအား အိမ်တိုင်ယာရောက် ဝန်ဆောင်မှုပေးသည်။ မသန်စွမ်းကျောင်း သားများ၏ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုကိုလက်လှမ်းမီရရှိနိုင်ရန် ဧဒင်ရိပ်မြုံကစီစဥ် လုပ်ဆောင်နေ သည်။
မသန်စွမ်းကလေးများမိမိကိုယ်ကို ယုံကြည်မှုရှိ လာရန်၊ မိဘများနှင့်အတူ အများပြည် သူစည်ကားရာနေရာများ၊ ကလေးတွေစိတ်ဝင်စားမည့်နေရာများသို့ လူမှုအသိုက်အဝန်းနှင့်ရင်းနှီးရန် လေ့လာ ရေးခရီးများစီစဥ်ကာသွားလေ့ရှိသည်။ မိမိတို့မသန်စွမ်း သား/သမီးများကို စနစ်တစ်ကျ ထိရောက်စွာ ပြုစု တတ် လာရန်အတွက် မိဘများအပြင်၊ အခြား လိုအပ်နေသူများအား အခြေခံ ပြုစုနည်းသင်တန်းကို စာတွေ့၊ လက်တွေ့ပုံမှန် ပြုလုပ်ပေး သည်။
ဧဒင်ရိပ်မြုံအနေဖြင့် အကျုံးဝင်မူကြိုကျောင်းကို ယခုနှစ် မှစပြီး မြောင်းတကာရှိ ဧဒင်ရိပ်မြုံပိုင်စီဒီဒီတွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ မူကြိုလုပ်ငန်းကတည်းကစပြီး မသန် စွမ်းကလေးများ အခြားကလေးများနှင့်အတူ စတင်အကျုံးဝင်သင်ယူပေးနေခြင်းကို စံပြအနေဖြင့်ဧဒင်ရိပ်မြုံ မှ စတင်ပေးနေပါသည်။
ဧဒင်ရိပ်မြုံသည် မသန်စွမ်းလူရွယ် (၁၈) နှစ် အထက်မသန်စွမ်းသူများ၊ အထူးသဖြင့်ဧဒင်ကျောင်းသား ဟောင်းများအတွက်၊ လိုအပ်နေသော အကြိုသက်မွေး သင်တန်းများလုပ်ဆောင်ပေးနိုင်ရန်အတွက် အစီအစဥ် တစ်ရပ်ချမှတ်ပြီး မြောင်းတကာရှိ စီဒီဒီ တွင် လုပ်ငန်း စတင်နိုင်ရန် ပြင်ဆင်ကြိုးစားနေပါသည်။