လတ်တစ်လောအနေဖြင့် မသန်စွမ်းမိသားစုများ၏ နေ့စဥ်ရှင်သန် နေထိုင်နိုင်ရေးအတွက် လိုအပ်နေသော အကူ အညီများပါဝင်ပေးလှူ လိုပါက ဆန်၊ ဆီ၊ ဆား အတွက် တစ်လသုံးသောင်းခွဲနုန်းဖြင့် မိမိပါ ဝင်နိုင်သလောက် ဦးရေနှင့် အချိန် ကာလဖေါ်ပြပြီး ဆက်သွယ်ပေး လှူနိုင်ပါသည်။
ဤပရဟိတလုပ်ငန်းအတွက် အခြားမိမိတတ်နိုင်သည့် ထောက်ပံ့ခြင်း၊ ပေးလှူ ခြင်း၊ လုပ်အားပေးခြင်းနှင့် သင် တန်းပေးခြင်း အစရှိသည့် အခြားသောနည်း လမ်းများဖြင့်လည်း ပါဝင်နိုင်ပါသည်။
ယခုလိုအဖက်ဖက်မှ အခက်အခဲမျိုးစုံ လူတိုင်းကြုံနေသည့်အချိန်မှာ မသန် စွမ်းကလေးရှိသောမိသားစုများသည် လည်း ပို၍ခက်ခဲသောစိန်ခေါ်မှုမျိုးစုံ ကိုရင်ဆိုင်နေကြရပါသည်။ အများစုမှာ ဆင်လက်ရှင်သန်နေနိုင်ရေးအတွက် ရုန်းကန်နေကြရသူများ ပိုမိုများပြားလာနေပါသည်။ ထိရှအလွယ်ဆုံးအုပ်စု ဝင်မသန်စွမ်းသူများ နှင့်သူတိုမိသားစု များအတွက် တတ်နိုင်သည့်ဖက်မှ ပါဝင်ကူညီနိုင်သောသူများအား မေတ္တာလက်ကမ်းပေးကြ ပါရန်ဖိတ်ခေါ် အပ်ပါ သည်။
ဧဒင်ရိပ်မြုံသတင်းများ - (၂၀၂၃ ခုနှစ်)
မကြာမီလုပ်ဆောင်မည့်အခန်းအနားများ