FAQ

Number Of Visitor

0124962
Visit Today : 41
Visit Yesterday : 127

ဧဒင်ရိပ်မြုံအကြောင်းမိတ်ဆက်


သမိုင်းအကျဉ်း


ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံသည် အမြတ်အစွန်းအတွက်ဦးမတည်သောပရဟိတ လုပ်ငန်းဖြစ်ပြီး ကိုယ်အင်္ဂါနှင့်ဉာဏ်ရည်မသန်စွမ်းကလေးများ၏လိုအပ်နေသောဝန်ဆောင်မှုများ ကိုပေးရန်အတွက်ရည်ရွယ်ထားပါသည်။ ၂၀၀၀ ပြည့်နှစ် ဧပြီလ (၁၈) ရက်နေ့တွင်ရန်ကုန်မြို့တွင် စတင်ခဲ့ပါသည်။ ဧဒင်ရိပ်မြုံ၏ရည်ရွယ်ချက်တစ်ခုမှာ မြန်မာပြည်အနှံ့တွင်ရှိနေကြသော မသန်စွမ်း သူများအတွက် နေရာတိုင်းတွင်ဝန်ဆောင်မှုပေးသည့်ဌာနများဖွင့်လှစ်နိုင်ခြင်းအားဖြင့် မသန်စွမ်းသူ အားလုံးအတွက်လုပ်ဆောင်ရန်ဖြစ်ပါသည်။ ဧဒင်ရိပ်မြုံအနေဖြင့် မသန်စွမ်းမှုနှင့်ပတ်သက်သောလုပ် ငန်းများကိုလုပ်ဆောင်ရာတွင် လူမျိုးမရွေး၊ ဘာသာမရွး၊ ကျား/မ မရွေး၊ အသားအရောင်မခွဲခြားဘဲ အားလုံးအကျုံးဝင်ခြင်းကိုအမြဲဦးစားပေးလုပ်ဆောင်နေပါသည်။
ဧဓင်ရိပ်မြုံသည် မသန်စွမ်းကလေးများလိုအပ်နေသောဝန်ဆောင်မှုအမျိုးမျိုးဖြစ်သည့် အထူးပညာရေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုရေး၊ မသန်စွမ်းအားကစား၊ ဆွေးနွေးတိုင်ပင်ပေးခြင်း၊ မိဘများအားအခြေ ခံပြုစုနည်းသင်တန်းများပေးခြင်းစသည့်လုပ်ငန်းအစီအစဉ်များကို တစ်နေရာတည်းတွင် အပြည့်အစုံရ ရှိနိုင်သော မြန်မာပြည်ရှိတစ်ခုတည်းသောနေရာဖြစ်ပါသည်။
ထို့အပြင်မသန်စွမ်းလူထုအကြိုးအတွက် အသိပညာပေးသည့်အစီအစဉ်များ၊ ပြည်သူများမှ မသန်စွမ်း သူများအပေါ်အပြုသဘေဆောင်သောစိတ်ထားများရရှိလာရန်တို့ကိုလည်းလုပ်ဆောင်နေပါသည်။ ထို အစီအစဉ်များကို သင်တန်းများပေးခြင်း၊ မသန်စွမ်းမှုနှင့်ပတ်သက်သော လက်ကမ်းစာစောင်များထုတ် ဝေဖြန့်ချီခြင်း၊ လိုအပ်သောအားပြုကရိယာများ၊ သင်ထောက်ကူပစ္စည်းများပေးအပ်ခြင်း၊ အတားအ ဆီးကင်းသောပတ်ဝန်ကျင်များဖန်တီးတည်ဆောက်ပေးခြင်း စသည်တို့ကိုလုပ်ဆောင်ပေးနေပါသည်။ တစ်နည်းအားဖြင့်ဧဒင်ရိပ်မြုံသည် မသန်စွမ်းမှုကို လူမှုရေးအမြင်ပုံစံဖြင့်ရှုမြင်သည့် အမြင်သဘောထား ကို မြန်မာပြည်တွင်ပထမဦးဆုံးဖြန့်ဝေပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ဧဒင်ရပ်မြုံအနေဖြင့် မသန်စွမ်းမှုကို ပရဟိတအမြင်ပုံစံဖြင့် ရှုမြင် (မသန်စွမ်းမှုအမြင်ဟောင်းအယူအဆ) ခြင်းကိုတိုက်ဖျက် ပြီး အခွင့်အရေးကိုအခြေခံသည့်အမြင်ကို လည်းမိတ်ဆက်ပေးနေသောအဖွဲ့ဖြစ်ပါသည်။
မသန်စွမ်းမှုအရေးကိစ္စသည် ဖွဲ့ဖြိုးရေးနှင့်သက်ဆိုင်သောအရေးကိစ္စဖြစ်ကြောင်း၊ လူအခွင့်အရေးနှင့် ရေးနှင့်သက်ဆိုင်သောအရေးကိစ္စဖြစ်ကြောင်း၊ နိုင်ငံရေးနှင့်သက်ဆိုင်သောအရေးကိစ္စဖြစ်ကြောင်းထို့ ကြောင့် လူအဖွဲ့အစည်းအတွက်လုပ်ဆောင်သောလုပ်ငန်းတိုင်းတွင် မသန်စွမ်းမှုကိုထည့်သွင်းစဉ်း စားပြီး မပျက်မကွက်လုပ်ဆောင်ရန်အရေးတကြီးလိုအပ်နေကြာင်း ဧဒင်ရိပ်မြုံအဖွဲ့အစည်းအနေဖြင့် အမြဲအသိပေးပြောဆိုနေပါသည်။
ဧဒင်ရိပ်မြုံသည် မသန်စွမ်းမှုနှင့်ပတ်သက်သော ကုလသမဂမှထုတ်ဝေသည့်စာအုပ်များကိုလည်း မြန် မာပြည်သူများ၊ မသန်စွမ်းသူများအတွက် ဘာသာပြန်ထုတ်ဝေပေးထားပါသည်။ ဧဒင်ရိပ်မြုံတွင် မသန် စွမ်းမှုနှင့်ပတ်သက်သောစာအုပ်များစုထားပြီး မသန်စွမ်းမှုဆိုင်ရာစာကြည့်တိုက်တစ်ခုတည်ထောင် ပေးထားပါသည်။ မသန်စွမ်းမှုနှင့်ပတ်သက်သောဆောင်ပါးရေးလိုသူများ၊ စာတမ်းပြုစုလိုသူများ၊ စာ အုပ်ရေးသားလိုသူများအတွက် လိုအပ်သောကိုးကားရမည့်စာအုပ်များရရှိရန် အကူအညီများပေးနေပါ သည်။ အချိန်မရွေးလာရောက်လေ့လာ ဖတ်ရှုနိုင်ပါသည်။ အားလုံးကို ကြိုဆိုပါသည်။

ဒင်ရိပ်မြုံမည်သိုရှင်သန်ပေါက်ဖွားလာပါသလဲ


ဧဒင်ရိပ်မြုံကိုစတင်တည်ထောင်သောဦးထာအုပ်အနေဖြင့် မြန်မာပြည်တွင် မသန်စွမ်းကလေးများ၊ မသန်စွမ်းသူများအတွက် နိုင်ငံခြားမှာလိုလုပ်ဆောင်ပေးသည့် အဖွဲ့တစ်ခုပေါ်ပေါက်လာရန်အမြဲစိတ် ဆန္ဒရှိနေခဲ့ပါသည်။ ထိုသိုစိတ်ကူးပေါ်ပေါက်လာခြင်းမှာ အကြောအဆစ်ကမ်းကျင်ပညာရှင်အဖြစ် မလေးရှားနိုင်ငံ၊ ပြည်နန်ရှိ မသန်စွမ်းကျောင်းတစ်ခုတွင်စတင်လုပ်ဆောင်ခဲ့ဘူးသောကြောင့်ဖြစ်သည်။ မလေးရှားနှင့်စင်္ကာပူနိုင်ငံတွင် (၃) နှစ်ကြာလုပ်ကိုင်ခဲ့ပြီးနောက် ၁၉၉၈ ခုနှစ် အောက်တိုဘာလတွင် မြန်မာပြည်သို့အပြီးပြန်လာခဲ့ပါသည်။ မြန်မာပြည်ပြန်လာပြီးရန်ကုန်မြို့တွင်မိသားစုနှင့်အခြေချကာ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံကိုစတင်ရန် ဆုတောင်းရင်ကြိုးစားခဲ့ကာ ၂၀၀၀ ပြည့်နှစ် ဧပြီလ (၁၈) ရက်နေ့ကျမှမိတ်ဆွေများ၏ကူညီမှုဖြင့် စတင်နိုင်ခဲ့ပါသည်။ ထိုသို့စတင်နိုင်ရန်အတွက် မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မသန်သက်ငယ်ကျောင်းမှ ကျောင်းအုပ် ဆရာမကြီးဒေါ်လီလီယံကြီးမှ အဓိကအကူအညီပေးခဲ့ပါသည်။ ဆရာမကြီးပင်စင်ယူပြီးမှသာ ဧဒင်ရိပ် မြုံကို ဆရာမကြီး၏နေအိမ်ကိုအသုံးပြုပြီး စတင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဧဒင်ရိပ်မြုံတိုးတက်ကြီးထွာလာခြင်း


ဧဒင်ရိပ်မြုံဟုမစတင်မှီ ပြင်ဆင်သည့်ကာလများတွင် မသန်စွမ်းကလေး (၁၄) ယောက်ထံသို့ပုံမှန် သွားရောက်လည်ပတ်ပြီး လိုအပ်သည့်လေ့ကျင့်ခန်းများကို အိမ်တိုင်ယာရောက်ဝန်ဆောင်မှုပေးကာ လုပ်ငန်းစတင်နိုင်ရန်အတွက် ကြိုးစားခဲ့သည့်ကာလသည် တစ်နှစ်ကျော်ကြာခဲ့ပါသည်။ ၂၀၀၀ ပြည့် နှစ်ဧပြီလတွင် ဧဒင်ရိပ်မြုံစတင်သည့်အချိန်တွင် တစ်ပတ် (၂) ကြိမ် မသန်စွမ်းကလေးများကိုခေါ်ယူ ပြီးဝန်ဆောင်မှုပေးနိုင်ခဲ့ပါသည်။ ဆရာမကြီး၏အိမ်တွင် (၃) လခန့်လုပ်ဆောင်ပြီး ပထမဦးဆုံဧဒင် ရိပ်မြုံရုံးခန်းကို အမှတ် (၁၃-က)၊ ဒေါ်လှပန်းလမ်း၊ အမှတ် (၂) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်တွင် အခန်းခှါးကာ လုပ်ငန်းစတင်ခဲ့ပါသည်။ ထိုသို့ရုံးခန်းငှါးရမ်းနိုင်ရန် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် များကောင်စီ၊ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဆရာတော်စမစ်ငူလ်ဇထောင်းမှ လိုအပ်သောငွေကြေးကို ပံ့ပိုးပေးခဲ့ပါသည်။ ထို့နောက် အေအေအာရ် (ဂျပန်) မှလည်း ရုံးခန်းငှါးရန် ကူညီပေးခဲ့ပါသည်။ မသန်စွမ်းကလေးများကို ကြိုပို့လုပ်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များ ကောင်စီ၏ မသန်စွမ်းဌာနစိတ်မှ မော်တော်ကာငှါးရမ်းပံ့ပိုးပေးခဲ့ပါသည်။
ထိုသို့ဧဒင်ရိပ်မြုံပရဟိတလုပ်ငန်းစတင်ပြီးတစ်နှစ်အကြာတွင် စင်္ကာပူနိုင်ငံ၊ ရှင်လုကာသက်ကြီးဆေး ရုံမှလုပ်ဖော်ဆောင်ဖက်များမှလာရောက်လည်ပတ်ခဲ့ကြပါသည်။ ထိုမိတ်ဆွေများမှ လက်ရှိဧဒင်ရိပ်မြုံ ၏မြေကွက်ကို လှူဒါန်းဝယ်ပေးခဲ့ကြပြီး တစ်ထပ်တိုက်အဆောက်အဦးကို ဂျပန်သံရုံးမှ ကူညီဆောက် လုပ်လှူဒါန်းပေးခဲ့ကြပါသည်။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့တွင် အဆောက်အဦးဖွင့်ပွဲကျင်းပ နိုင်ခဲ့ပြီး ယင်းနောက်ပိုင်း ယနေ့အထိဧဒင်ရိပ်မြုံကို လက်ရှိနေရာတွင်လုပ်ကိုင်ဆောင်ရွက်နေပါသည်။ လက်ရှိဧဒင်ရိပ်မြုံအဆောက်အဦးသို့မပြောင်းရွှေ့ခင်၊ ဧဒင်ရိပ်မြုံစတင်ပြီးလပိုင်းအကြာတွင် အေအေ အာရ် (ဂျပန်) မှ မသန်စွမ်းကလေးအချို့အတွက် ကုန်ကျစရတ်များ ကိုယ်စားကျခံပေးခြင်းဖြင့် (ကလေးမွေးစားသည့်အစီအစဉ်) ဧဒင်ရိပ်မြုံကို လစဉ်ထောက်ပံ့ကူညီပေးခဲ့ကြပါသည်။ အေအေအာရ် (ဂျပန်) အနေဖြင့် ယနေ့အထိ ဧဒင်ရိပ်မြုံလုပ်ငန်းကို ဆက်လက်ကူညီထောက်ပံ့နေဆဲဖြစ်ပါသည်။ ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် မသန်စွမ်းကလေးမွေးစားခြင်းအစီစဉ်ဖြင့်မဟုတ်တော့ဘဲ အထွေထွေပံ့ပိုး ငွေအနေဖြင့်ပံ့ပိုးနေခြင်းဖြစ်သည်။ ဧဒင်ရိပ်မြုံပရဟိတလုပ်ငန်းကို စတင်ဖွဲ့စည်းကတည်းက သက် ဆိုင်ရာအစိုးရဌာနတွင် မှတ်ပုံတင်လျှောက်ထားခဲ့သော်လည်း ၂၀၀၅ ခုနှစ် မေလ (၂၀) ရက်နေ့ မှသာ လူမှုဝန်ထမ်းဦးစီးဌာနက အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခဲ့ပါသည်။ ယင်းနှစ်မှစပြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေးများ၏အဟာရအတွက် ပံ့ပိုးပေးခဲ့ပါသည်။
ဧဒင်ရိပ်မြုံအနေဖြင့် ၂၀၀၇ ခုနှစ်မှစပြီး မသန်စွမ်းဆိုင်ရာစီမံကိန်းများကို ပြုစုရေးဆွဲကာ အလှူရှင် ရှာဖွေပြီး မသန်စွမ်းဆိုင်ရာစီမံကိန်းများကို လုပ်ဆောင်လာခဲ့သည်မှာ ယနေ့အထိဆိုလျှင် စီမံကိန်း (၁၅) ခုကျော် အေကောင်အထည်ဖေါ်လုပ်ဆောင်ခဲ့ပြီးဖြစ်ပါသည်။ များသောအားဖြင့် ရပ်ရွာအခြေ ပြုပြန်လည်ထူထောင်ရေးစီမံကိန်းနှင့် လူတိုင်းအကျုံးဝင်ပညာရေးစီမံကိန်းများကို လုပ်ဆောင်ခဲ့ပါ သည်။ ၂၀၁၄ ခုနှစ်မှစပြီး မသန်စွမ်းဆိုင်ရာသုတေသနများပြုလုပ်ပြီး မသန်စွမ်းတိုင်ရာဥပဒေများ၊ မူဝါဒများပေါ်ပေါက်လာရန်၊ အခိုင်အမာရှိလာရန် မသန်စွမ်းသူများအတွက် ကိုယ်စားပြုအရေးဆိုခြင်း လုပ်ငန်းများကို အားသွန်ခွန်စိုက်ကြိုးစားလုပ်ဆောင်လာခဲ့ပါသည်။
လက်ရှိတွင် ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံသည် အချိန်ပြည့်ဝန်ထမ်း (၆၀) ခန့်ဖြင့် နေ့စဉ် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေပါသည်။ ဧဒင်ရိပ်မြုံကျောင်းတွင် မသန်စွမ်းကလေး (၂၅၀) ကျော်လက်ခံပေးနေသည်သာမက၊ ပင်မပညာရေးကျောင်းများတွင် အခြားကလေးများကဲ့သို့ပညာ သင်ကြားနိုင်ရန်အတွက် မသန်စွမ်းကလေးအယောက် (၃၀၀) ကျော်ကိုလည်း ကူညီပံ့ပိုးနေပါသည်။

ဆောင်ပုဒ်


မေတ္တာသည်သာ တတ်စွမ်းနိုင်တာ

ချဉ်းကပ်ပုံစံ


ဧဒင်ရိပ်မြုံအနေဖြင့် မသန်စွမ်းမှုသည်ချို့ယွင်းမှုရှိနေသောသူသားသည် မိသားစုဘဝ၊ လူမှုရေးဘဝ၊ တန်းတူပညာသင်ယူခွင့်၊ အလုပ်အကိုင်ရရှိပိုင်ခွင့်မရှိအောင် ဖယ်ကျဉ်ခံထားနေရခြင်းနှင့် မိမိတို့လို အပ်နေသောအခြေခံဝန်ဆောင်မှုများမရရှိနိုင်အောင်ခွဲခြားဆက်ဆံခံနေရခြင်းတို့ကြောင့် ဖြစ်ပေါ် လာနေသော မတရားမှု သို့မဟုတ် ဖိနှိပ်ခံရမှုဖြစ်သည်ဟု သိရှိလက်ခံထားပါသည်။ ဤသဘော ထားခံယူချက်ကို မသန်စွမ်းမှုကိုလူမှုရေးအမြင်ဖြင့်ရှုမြင်ခြင်း (Social model of disability) ဟု လည်းခေါ်ဆို နေကြပါသည်။ ဤအမြင်ခံယူချက်ကို မသန်စွမ်းသူများထံမှ မိမိတို့၏နေ့စဉ်ခံစား တွေ့ကြုံနေရမှုများကို အခြေခံပြီးမှ ဖေါ်ထာတ်လာကြသော အမြင်သဘောထားဖြစ်ပါသည်။
ဤလူမှုရေးအမြင်သည် ဆေးပညာအမြင် (Medical model of disability) နှင့်ဆန့်ကျင်ဖက်ဖြစ်ပါ သည်။ မသန်စွမ်းမှုကိုဆေးပညာအမြင် ဖြင့်ရှုမြင်ခြင်းသည် မသန်စွမ်းမှုသည် ချို့ယွင်းချက်ရှိနေ သောကြောင့်ဖြစ်သည်ဟု မှတ်ယူသည့်အယူ အဆဖြစ်ပါသည်။ ထို့ကြောင့် ဆေးပညာနှင့် ပြန်လည် ထူထောင်ပေးခြင်းတို့ဖြင့်သာ မသန်စွမ်းမှုကို ကုစား၊ ပြုပြင်နိုင်မည်ဟုယူဆထားပါသည်။
ဧဒင်ရိပ်မြုံအနေဖြင့် မသန်စွမ်းသူများအား သူတို့ရရှိသင့် ရရှိထိုက်သော ဝန်ဆောင်မှုများကိုအပြည့် အဝရရှိရန်အရေးကြီးသလို နေ့စဉ်လူမှုအဖွဲ့အစည်းအတွင်းတွင်လည်း အများနည်းတူ ခွဲခြားမှုမရှိဘဲ တန်းတူပါဝင်၊ လုပ်ဆောင်၊ တာဝန်ယူနိုင်ရန်အတွက်လိုအပ်ပြီး ထိုသို့ဖြစ်မလာနိုင်အောင်ဟန့်တား နေသော အတားအဆီးမျိုးစုံကို ဖယ်ရှားပေးရန်လည်း တန်းတူအရေးတကြီးလိုအပ်နေသည်ဟု လက် ခံယူဆထားပါသည်။ တစ်နည်းအားဖြင့် မသန်စွမ်းမှုသည် လူမှုရေးပြသနာ (social problem) ဟု သတ်မှတ်ပြီး လူမှုရေးနည်းလမ်း (သို့မဟုတ်) နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းပေးရန်လိုသည်ဟု ယုံကြည်ပါသည်။

လူမှုရေးအမြင်ပုံစံဖြင့် မသန်စွမ်းမှုကိုရှုမြင်ခြင်း (Social Model of Disability)။


မသန်စွမ်းမှုသည် လူသားတစ်ဦးတွင်ရှိနေသည့် ချို့ယွင်းမှု သိုပမဟုတ် ထူးခြားမှုတို့ကြောင့်မဟုတ်ဘဲ လူမှုအဖွဲ့အစည်းအတွင်းဖြစ်တည်နေမှုများကြောင့်ဖြစ်ပေါ်လာသည့်အခြေအနေတစ်ခုသာဖြစ်သည်။ ထို့ကြောင့်မသန်စွမ်းသူများ၏ လွတ်လပ်စွာရွှေးချက်ပိုင်ခွင့်ကို ကန့်သတ်ပေးနေသော အတားအဆီး များကိုဖယ်ရှားပေးရေးကို အဓိကထားသည်။ ထိုအတားအဆီးများကိုဖယ်ရှားပေးနိုင်ပါက မသန်စွမ်းသူ များအနေဖြင့် အခြားသူများနည်တူ အမီခိုကင်းစွာရပ်တည်နေထိုင်လာနိုင်မည့်အပြင် မိမိတို့လိုအပ် ချက်များအတွက် မိမိတို့ကိုယ်တိုင်ရွှေးချယ်ပြီး ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်သော နိုင်ငံနှင့် လူမျိုးအတွက် တာဝန်ယူ၊ တာဝန်ခံနိုင်သော တာဝန်ကျေပြွန်သည့် နိုင်ငံသား များဖြစ်လာနိုင်မည်ဖြစ် ပါသည်။

အောင်မြင်မှုများ / ဆောင်ရွက်နိုင်မှုမှတ်တမ်းများ


 ဧဒင်ရိပ်မြုံသည် ကိုယ်အင်္ဂါနှင့်ဉာဏ်ရည်မသန်စွမ်းကလေးများအတွက် လိုအပ်နေသောဝန် ဆောင်မှုများကိုပေးနိုင်ရန်အတွက် မြန်မာပြည်တွင် ပထမဦးဆုံးဖွင့်လှစ်သော မသန်စွမ်း ကျောင်းဖြစ်သည်။
 ဧဒင်ရိပ်မြုံတွင် ကိုယ်အင်္ဂါနှင့်ဉာဏ်ရည်မသန်စွမ်းကလေးများအတွက် လိုအပ်နေသောဝန် ဆောင်မှုအမျိုးအစား စုံစုံလင်လင်ရရှိနိုင်သောနေရာတစ်ခုဖြစ်သည်။
 မသန်စွမ်းအားကစားအတွက် ကျွမ်းကျင်သူခန့်ထားပြီးလုပ်ဆောင်နေသည်။
 မသန်စွမ်းမှုဆိုင်ရာစာအုပ်များကို သီးသန့်စုစည်းထားသော စာကြည့်တိုက်ရှိသည်။
 ကျွမ်းကျင်သူ လူမှုရေးအရာရှိခန့်ထားပေးသော ကျောင်းဖြစ်သည်။
 မသန်စွမ်းမှုဆိုင်ရာစာပေ၊ စာအုပ်များအပြင် မသန်စွမ်းမှုဆိုင်ရာသုတရသမဂဇင်းကိုလည်း ထုတ်ဝေပေးနိုင်ခဲ့သည်။
 လူမှုရေးအမြင် (Social Model of Disability) ကို ပထမဦးဆုံးပညာပေးဖြန့်ဝေပေးသော အဖွဲ့အစည်းဖြစ်သည်။
 မသန်စွမ်းဆိုင်ရာအသိပညာနှင့် ကျွမ်းကျင်မှုသင်တန်းများကိုလည်း လိုက်လံပို့ချပေးသော အဖွဲ့အစည်းဖြစ်သည်။
 ၂၀၁၉-၂၀ ပညာသင်နှစ်တွင် မသန်စွမ်းကလေးစုစုပေါင်း (၂၃၀) ကျော်အား ဧဒင်ရိပ်မြုံတွင် လက်ခံပေးပြီး လိုအပ်သောဝန်ဆောင်မှုများပေးနိုင်ခဲ့ပါသည်။
 ၂၀၁၉-၂၀ ပညာသင်နှစ်တွင် မသန်စွမ်းကလေးစုစုပေါင် (၂၅၀) ကျော်အား ပင်မပညာရေး ရရှိခံစားနိုင်အောင် ပံ့ပိုးကူညီပေးခဲ့ပါသည်။
 လူတိုင်းအကျုံးဝင်ပညာရေးနှင့်ပတ်သက်သည့် သုတေသနနှစ်စောင်ကို ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် လုပ်ဆောင်နိုင်ခဲ့ပါသည်။
 ဧဒင်ရိပ်မြုံအနေဖြင့် ၂၀၀၇ ခုနှစ်ကစပြီး ယနေ့အထိ မသန်စွမ်းမှုဆိုင်ရာစီမံကိန်းစုစုပေါင်း (၂၀) ကျော် မြန်မာနိုင်ငံအနှံ့အကောင်အထည်ဖေါ် လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါသည်။
 ဧဒင်ရိပ်မြုံအနေဖြင့် မသန်စွမ်းမှုဆိုင်ရာစီမံကိန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်တို့အပြင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း လုပ်ဆောင်နေပါသည်။
 ဧဒင်ရိပ်မြုံသည် မြန်မာနိုင်ငံစီဘီအာရ်ကွန်ယက်စတင်ဖွဲ့စည်းတည်ထောင်ရန်အတွက် တက်ကြွစွာပူးပေါင်းပါဝင်ပေးခဲ့ပါသည်။
 ဧဒင်ရိပ်မြုံသည် မြန်မာနိုင်ငံအထူးပညာရေးအသင်းကို စတင်တည်ထောင်သောအဖွဲ့အစည်း များအနက် အဖွဲ့တစ်ခုဖြစ်ပါသည်။
 ဧဒင်ရိပ်မြုံသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အထွေအထွေအုပ်ချူပ်ရေးမှူး ရုံးစသည့် အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။
 ဧဒင်ရပ်မြုံသည် မြန်မာနိုင်ငံပညာရေးပြုပြင်ပြောင်းလဲရေးကွန်ယက် (National Network for Education Reform – NNER) တွင်လည်း တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ပါသည်။
 ဧဒင်ရိပ်မြုံအနေဖြင့် ကျောင်းသာကမ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့်အပြင် မသန်စွမ်းမှုနှင့်ပတ်သက်ပြီးလုပ်ဆောင်လေရာရာတွင် မသန်စွမ်း သူများ၏သာရေးနာရေး၊ လူမှုရေး (Welfare) ထက် မသန်စွမ်းသူများ၏ အရေးကိစ္စ (Affair) ကို အမြဲဦးစားပေးပြီး လုပ်ဆောင်နေပါသည်

အနာဂတ်မျှော်မှန်းချက် (ရှုပါရုံ)


မသန်စွမ်းသူများ၏ကိုယ်ပိုင်လက္ခဏာ၊ အခွင့်အရေးနှင့် စွမ်းဆောင်ရည်တို့ကို မြှင့်တင်ပေးခြင်းဖြင့် သူတို့တွင် ရှိနေသော အလားအလာများကို အပြည့်အဝရရှိရမည်။ ဧဒင်ရိပ်မြုံသည် မေတ္တာလွှမ်းမိုးသော လူမှုအဖွဲ့ အစည်းတွင် ခွဲခြားဆက်ဆံမှုကင်းပြီး အခြားသူများနည်းတူ တန်းတူအခွင့်အရေးရရှိကာ ပျော်ရွှင်သောဘဝကို ရရှိခံစားနေ နိုင်သည့် မြန်မာ ပြည်၏ နေရာတစ်ခုဖြစ်ရမည်။

လုပ်ဆောင်ရမည့်တာဝန်များ


မသန်စွမ်းကလေးများကို ဂရုစိုက်တန်ဖိုးထားသည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရန်အတွက် ဧဒင်ရိပ်မြုံသည် အမြဲ ကြိုးစား ဆောင်ရွက်နေမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် –
(က) မသန်စွမ်းသူများအားတန်ဖိုးထား လေးစားလက်ခံပြီး သိက္ခာရှိရှိဖြင့် တန်းတူအခွင့်အရေးရရှိ နိုင်ရန်အတွက် လိုအပ်သော ဝန်ဆောင်မှုများ၊ ပံ့ပိုးမှုများပေးခြင်းဖြင့် လည်းကောင်း၊
(ခ) ပြည်သူလူထုကို မသန်စွမ်းမှုဆိုင်ရာ အသိပညာမြှင့်တင်ပေးခြင်း၊ လိုအပ်သောနည်းပညာ ဆိုင်ရာကျွမ်းကျင်မှုများ ပံ့ပိုးပေးခြင်းဖြင့် ပြည်သူလူထုမှ မသန်စွမ်းသူများ၏ လိုအပ်သော ဝန်ဆောင်မှုများ ပေးလာနိုင်ပြီး လူမှုအဖွဲ့အစည်းတစ်ခုလုံးအကျုံးဝင်သော၊ အပြုသဘော ဆောင်သည့် တိုးတက်သောလူမှုအဖွဲ့အစည်း ဖြစ်လာရန်အတွက်လည်းကောင်း လုပ်ဆောင် သွားမည်ဖြစ်ပါသည်။

ရည်ရွယ်ချက်များ


(၁) မသန်စွမ်းကလေးများအားသူတို့၏တိုးတက်နိုင်မှုအလားအလာအပြည့်အဝ ရရှိနိုင်ရေးကို သေချာစေရန်အတွက် လိုအပ်နေသော ပြန်လည်ထူထောင်ရေး၊ အထူးပညာရေးနှင့် လူမှုရေးဝန်ဆောင်မှုများကို အရည်အချင်းပြည့်မှီစွာပေးရန်။
(၂) မသန်စွမ်းကလေးများကိုပြုစုနေသောသူများကို လိုအပ်သောပြုစုနည်းသင်တန်းများ၊ အခြား
ပံ့ပိုးမှုများကိုပေးခြင်းဖြင့် မိသားစု၊ စောင့်ရှောက်သူများနှင့် လက်တွဲလုပ်ဆောင်ရန်။
(၃) ပြည်သူလူထုကို မသန်စွမ်းသူများ၏စွမ်းဆောင်ရည်၊ ဘဝတန်ဖိုးများနှင့်ပတ်သက်ပြီး မသန်စွမ်း မှုဆိုင်ရာအသိပညာမြှင့်တင်ပေးခြင်းဖြင့် ပင်မလူမှုအသိုက်အဝန်းတွင် ဝင်ဆန့် လာနိုင်ရေးကို လုပ်ဆောင်ရန်။
(၄) မသန်စွမ်းကလေးများ၏ လိုအပ်နေသော ဝန်ဆောင်မှုများကို မြန်မာနိုင်ငံအနှံ့တိုးပြီး လုပ်
ဆောင်လာနိုင်ရန်နှင့် လိုအပ်သော သုတေသနများကိုလည်း ဆောင်ရွက်ရန်။
(၅) ဧဒင်ရိပ်မြုံအနေဖြင့် ရေရှည်အောင်မြင်သောအဖွဲ့တစ်ခုအဖြစ် ရပ်တည်ပြီး မသန်စွမ်းသူများအ တွက် ကျရာအခန်းကဏ္ဍတိုင်းတွင် တက်ကြွစွာ ဦးဆောင်၍ ပါဝင်ဆောင်ရွက်ရန်။

တန်ဖိုးထားမှုများ
တန်းတူအခွင့်အရေး။


မသန်စွမ်းသူများ၏စွမ်းရည်နှင့် ကျွမ်းကျင်မှုမြှင့်တင်ပေးခြင်း၊ အတွေ့အကြုံဖလှယ်ခြင်းဖြင့် အများ၏ အလေးထားမှုကိုရရှိပြီး လူမှုဝန်းကျင်တွင် တန်းတူအခွင့်အရေး ရရှိကာသိက္ခာရှိရှိရှင်သန်လာနိုင်မည်ဟု ယုုံကြည် သည်။

မေတ္တာ။


ဧဒင်ရိပ်မြုံ မသန်စွမ်းကလေးများ၏ ပျော်ရွှင်ဝမ်းမြောက်မှုနှင့် လူမှုဘဝတိုးတက်မှုအတွက် လုပ်ဆောင်
ပေးသည့်အခါတိုင်း မေတ္တာ၊ ဂရုဏာ၊ စိတ်ရှည်ခြင်းနှင့် နားလည်လက်ခံပေးခြင်းတို့ကို အခြေခံအုတ်မြစ်အဖြစ်
ကျင့်သုံးကာဆောင်ရွက်နေပါသည်။

မိသားစုစိတ်ဓါတ်။


ဧဒင်ရပ်မြုံမှ ဝန်ထမ်းများ၊ မသန်စွမ်းကလေးများ၊ မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများနှင့် အလျူရှင်
များအားလုံးပါဝင်နေသော ဧဒင်ရိပ်မြုံ လူမှုအသိုက်အဝန်းတွင် မိသားစုစိတ်ဓါတ်သည် အားလုံးမှ အဓိက တန်ဖိုး ထားသောအရာဖြစ်သည်။

စုပေါင်းလုပ်ဆောင်ခြင်း။


ဧဒင်မိသားစုဝင်များအနေဖြင့် စိန်ခေါ်မှုများကိုအနိုင်ယူနိုင်ရန်နှင့် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်
အချင်းချင်းပွင့်လင်းစွာ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်နေကြပါသည်။

အချင်းချင်းယုံကြည်မှု။


ဧဒင်မိသားစုဝင်များသည် မိမိဂတိပြုထားသော အရာများကို အလေးထားရန် တစ်ဦးနှင့်တစ်ဦးကြား ယုံကြည်မှုကို တည်ဆောက်ပြီး မသန်စွမ်းသူများ၊ မိသားစု ဝင်များ၊ စေတနာရှင် အလှူရှင်များ၏ ယုံကြည်မှုကို ရယူကာ ရိုးသားစွာဖြင့်လုပ်ဆောင်ပါသည်။

အရည်အသွေး။


ဧဒင်ရိပ်မြုံတွင် “ကလေးသူငယ်ဗဟိုပြု” ချဉ်းကပ်နည်းကိုကျင့်သုံးနေပါသည်။ ဝန်ဆောင်မှုများကိုလည်း အရည်အချင်းပြည့်မီပြီး အကောင်းဆုံးဖြစ်ရန် အမြဲကြိုးစားနေပါသည်။ ဤရည်မှန်းချက် အောင်မြင်မည်ဟုလည်း ယုံကြည်မျှော်လင့်ပါသည်။

တိုးတက်မှုပြအချိန်ဇယား

ဧဒင်ရိပ်မြုံ၏ဖွဲ့စည်းပုံဇယား

 

အောင်မြင်မှုများ / ဆောင်ရွက်နိုင်မှုမှတ်တမ်းများ


 ဧဒင်ရိပ်မြုံသည် ကိုယ်အင်္ဂါနှင့်ဉာဏ်ရည်မသန်စွမ်းကလေးများအတွက် လိုအပ်နေသောဝန် ဆောင်မှုများကိုပေးနိုင်ရန်အတွက် မြန်မာပြည်တွင် ပထမဦးဆုံးဖွင့်လှစ်သော မသန်စွမ်း ကျောင်းဖြစ်သည်။ ပရဟိတလုပ်ငန်းတစ်ခုဖြစ်သည်။
 ဧဒင်ရိပ်မြုံတွင် ကိုယ်အင်္ဂါနှင့်ဉာဏ်ရည်မသန်စွမ်းကလေးများအတွက် လိုအပ်နေသောဝန် ဆောင်မှုအမျိုးအစား စုံစုံလင်လင်ရရှိနိုင်သောနေရာတစ်ခုဖြစ်သည်။ ပရဟိတခုပ်ငန်းဖြစ် သောကြောင့် ရရှိသောဝန်ဆောင်မှုများအတွက် အခကြေးငွေပေးရန်မလိုပါ။
 မသန်စွမ်းအားကစားအတွက် ကျွမ်းကျင်သူခန့်ထားပြီးလုပ်ဆောင်နေသည်။
 ရေကုထုံးဝန်ဆောင်မှုပေးနေသောနေရာတစ်ခုဖြစ်ပါသည်။
 မသန်စွမ်းမှုဆိုင်ရာစာအုပ်များကို သီးသန့်စုစည်းထားသော စာကြည့်တိုက်ရှိသည်။
 ကျွမ်းကျင်သူ လူမှုရေးအရာရှိခန့်ထားပေးသော ကျောင်းဖြစ်သည်။
 နှစ်သိမ့်ဆွေးနွေးပေးနိုင်သော ချာပလင်တစ်ဦးခန့်ထားနိုင်သောနေရာဖြစ်သည်။
 မသန်စွမ်းမှုဆိုင်ရာစာပေ၊ စာအုပ်များအပြင် မသန်စွမ်းမှုဆိုင်ရာသုတရသမဂဇင်းကိုလည်း ထုတ်ဝေပေးနိုင်ခဲ့သည်။
 လူမှုရေးအမြင် (Social Model of Disability) ကို ပထမဦးဆုံးပညာပေးဖြန့်ဝေပေးသော အဖွဲ့အစည်းဖြစ်သည်။ မသန်စွမ်းသူများ၏အရေးကိစ္စကို ဦးစားပေးဆောင်ရွက်နေသော အသင်းအဖွဲ့တစ်ခုဖြစ်ပါသည်။
 မသန်စွမ်းသူများ၏အကျုံးဝင်လာမှုနှင့် မသန်စွမ်းအရေးကိုထည့်သွင်းစဉ်းစားလာရေးကို ဦးတည်ချက်ထားပြီးလုပ်ဆောင်နေသောအဖွဲ့အစည်းဖြစ်ပါသည်။
 မသန်စွမ်းမှုဆိုင်ရာဥပဒေနှင့် မူဝါဒများတိုးတက်ခိုင်မာလာရေးကို အထူးစိတ်ဝင်တစားလုပ် ဆောင်နေသည်။
 မသန်စွမ်းဆိုင်ရာအသိပညာနှင့် ကျွမ်းကျင်မှုသင်တန်းများကိုလည်း လိုက်လံပို့ချပေးသော အဖွဲ့အစည်းဖြစ်သည်။
 ၂၀၁၉-၂၀ ပညာသင်နှစ်တွင် မသန်စွမ်းကလေးစုစုပေါင်း (၂၃၀) ကျော်အား ဧဒင်ရိပ်မြုံတွင် လက်ခံပေးပြီး လိုအပ်သောဝန်ဆောင်မှုများပေးနိုင်ခဲ့ပါသည်။
 ၂၀၁၉-၂၀ ပညာသင်နှစ်တွင် မသန်စွမ်းကလေးစုစုပေါင် (၂၅၀) ကျော်အား ပင်မပညာရေး ရရှိခံစားနိုင်အောင် ပံ့ပိုးကူညီပေးခဲ့ပါသည်။
 လူတိုင်းအကျုံးဝင်ပညာရေးနှင့်ပတ်သက်သည့် သုတေသနနှစ်စောင်ကို ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် လုပ်ဆောင်နိုင်ခဲ့ပါသည်။
 ဧဒင်ရိပ်မြုံအနေဖြင့် ၂၀၀၇ ခုနှစ်ကစပြီး ယနေ့အထိ မသန်စွမ်းမှုဆိုင်ရာစီမံကိန်းစုစုပေါင်း (၂၀) ကျော် မြန်မာနိုင်ငံအနှံ့အကောင်အထည်ဖေါ် လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါသည်။
 ဧဒင်ရိပ်မြုံအနေဖြင့် မသန်စွမ်းမှုဆိုင်ရာစီမံကိန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်တို့အပြင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း လုပ်ဆောင်နေပါသည်။
 ဧဒင်ရိပ်မြုံသည် မြန်မာနိုင်ငံစီဘီအာရ်ကွန်ယက်စတင်ဖွဲ့စည်းတည်ထောင်ရန်အတွက် တက်ကြွစွာပူးပေါင်းပါဝင်ပေးခဲ့ပါသည်။
 ဧဒင်ရိပ်မြုံသည် မြန်မာနိုင်ငံအထူးပညာရေးအသင်းကို စတင်တည်ထောင်သောအဖွဲ့အစည်း များအနက် အဖွဲ့တစ်ခုဖြစ်ပါသည်။
 ဧဒင်ရိပ်မြုံသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အထွေအထွေအုပ်ချူပ်ရေးမှူး ရုံးစသည့် အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေပါသည်။
 ဧဒင်ရပ်မြုံသည် မြန်မာနိုင်ငံပညာရေးပြုပြင်ပြောင်းလဲရေးကွန်ယက် (National Network for Education Reform – NNER) တွင်လည်း တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ပါသည်။
 ဧဒင်ရိပ်မြုံအနေဖြင့် ကျောင်းသာကမ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့်အပြင် မသန်စွမ်းမှုနှင့်ပတ်သက်ပြီးလုပ်ဆောင်လေရာရာတွင် မသန်စွမ်း သူများ၏သာရေးနာရေး၊ လူမှုရေး (Welfare) ထက် မသန်စွမ်းသူများ၏ အရေးကိစ္စ (Affair) ကို အမြဲဦးစားပေးပြီး လုပ်ဆောင်နေပါသည်။

Upcoming Event

လတ်တ‌လော စာမူများ

Contact Us