ကျွန်တော်တို့၏အရင်းအမြစ်များ
ဧဒင်ရိပ်မြုံသည် ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန်စွမ်းကလေးများ၏လိုအပ်နေသောဝန်ဆောင်မှုများကိုပေးဆောင်ရန်အ တွက် ရည်ရွယ်ပြီးနိုင်ငံသားများမှဖွင့်လှစ်ထားသည့် ပရဟိတလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာပြည်တွင်အဦးဆုံးသောအဖွဲ့ အစည်းဖြစ်ပါသည်။ အဓိကဦးတည်ချက်တစ်ခုမှာ မသန်စွမ်းကလေးများအနေဖြင့် မိမိတို့ဆုံးရှုံးနေသောမွေရာပါအခွင့် အရေးများဖြစ်သည့် ပြန်လည်ထူထောင်ရေး၊ ပညာရေးနှင့် ကလေးတစ်ဦး၏အခွင့်အရေးများကို အခြားကလေးများ နည်းတူရရှိခံစားနိုင်ရန်အတွက် ကူညီပေးရန်ဖြစ်ပါသည်။
ဧဒင်ရိပ်မြုံသည် ဝန်ဆောင်မှုပေးနေသောနေရာသာမက မသန်စွမ်းနှင့်ပတ်သက်သည်ကျွမ်းကျင်မှုများ၊ စာအုပ်စာပေများ၊ အသိပညာစသည့် အခြားအရင်းအမြစ်များကိုပါရရှိနိုင်သောနေရာတစ်ခုဖြစ်ပါသည်။ အနာဂတ်တွင်လည်း ဧဒင်ရိပ်မြုံအနေ ဖြင့် မသန်စွမ်းလောကနှင့် နယ်ပယ်အတွက် လိုအပ်နေသောအရင်းအမြစ်များရရှိနိုင်သည့် အဖွဲ့အစည်းဖြစ်နေခြင်းဖြင့် မသန်စွမ်းကဏ္ဍတွင်ဦးဆောင်သည့်အနေအထားရယူရန်ရည်ရွယ်လုပ်ဆောင်နေပါသည်။
လက်ရှိတွင် ဧဒင်ရိပ်မြုံအနေဖြင့် အောက်ဖေါ်ပြပါအရင်းအမြစ်များကို ဖြန့်ဝေပေးနေပါသည်။
• မသန်စွမ်းဆိုင်ရာစာပေများ၊ စာကြည့်တိုက်ဝန်ဆောင်မှု
• ကိုယ်အင်္ဂါနှင့်ဉာဏ်ရည်မသန်စွမ်းကလေးများနှင့်ဆိုင်သော ကျွမ်းကျင်မှုသင်တန်းများ
• မသန်စွမ်းမှုဆိုင်ရာ အခြေခံနှင့် အဆင့်မြင့်သင်တန်းများ
• သင်ထောက်ကူပစ္စည်းများ၊ အားပြုကရိယာများ၊ သင်တန်းပြုလုပ်ရန်နေရာအခန်းများ
• မသန်စွမ်း စာကြည့်တိုက်ဝန်ဆောင်မှု
• မသန်စွမ်းဆိုင်ရာသတင်းအချက်အလက်၊ ကိုးကားစာအုပ်များ
• အခြား
က) ဧဒင်ရိပ်မြုံသီတင်းလွှာ၊ နှစ်ပတ်လည်အစီရင်ခံစာများ
1. ဧဒင်သတင်းလွှာ (တွဲ-၁၊ စဉ်-၁)
2. ဧဒင်နှစ်ပတ်လည်စာစောင် (၂၀၁၄-၁၅)
3. ဧဒင်နှစ်ပတ်လည်စာစောင် (၂၀၁၅-၁၆)
4. ဧဒင်နှစ်ပတ်လည်စာစောင် (၂၀၁၆-၁၇)
5. ဧဒင်နှစ်ပတ်လည်စာစောင် (၂၀၁၇-၁၈)
6. ဧဒင်နှစ်ပတ်လည်စာစောင် (၂၀၁၈-၁၉)
7. ဧဒင်နှစ်ပတ်လည်စာစောင် (၂၀၁၉-၂၀)
8. ဧဒင်နှစ်ပတ်လည်စာစောင် (၂၀၂၀-၂၁)
(ခ) ဧဒင်ရိပ်မြုံမှထုတ်ဝေသော စာအုပ်စာပေများ
(ကက) ဘာသာပြန်စာအုပ်များ
1. အနိုင်မခံ
2. အလင်းနယ်သိုချဉ်းနှင်းဝင်ရောက်ခြင်း
3. လူတိုင်းအကျုံးဝင်ပညာရေး – အရင်းအမြစ်နည်းသည့်ဒေသ
4. ပုဒ်မ – ၂၄ (ပညာရေး)
5. ၂၁ ရာစုဒီလှိုင်းသစ်
(ခခ) မြန်မာဘာသာဖြင့်ထုတ်ဝေသောစာအုပ်များ
1. ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးမိတ်ဆက်
2. စံပြုအပ်သောစည်းမျဉ်းများ
3. ကမ္ဘာကုလသမဂ မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာသဘောတူစာချူပ်
4. ဆရာလက်စွဲ (အတွဲ-၁)
5. ဆရာလက်စွဲ (အတွဲ-၂)
6. ဧဒင်စာစဉ်ပေါင်းချူပ်
7. ပျောက်သောသိုး (ဘာသာရေးစာအုပ် – အင်္ဂလိပ်လို)
(ဂဂ) မသန်စွမ်းဆိုင်ရာ မဂဇင်းများ
1. အလင်းသစ် မသန်စွမ်းမှုဆိုင်ရာ သုတရသမဂဇင်း အမှတ်စဉ် ၁ မှ ၁၇ မထိ
(ဃဃ) စာစောင်များ
2. ဧဒင်စာစဉ်-၁ မသန်စွမ်းမှုအမြင်သစ် (၁)
3. ဧဒင်စာစဉ်-၂ မသန်စွမ်းမှုအမြင်သစ် (၂)
4. ဧဒင်စာစဉ်-၃ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေး
5. ဧဒင်စာစဉ်-၄ မသန်စွမ်းသူများ၏ ကိုယ့်အားကိုယ်ကိုးအဖွဲ့
6. ဧဒင်စာစဉ်-၅ ရှေးဦါ်အရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ခြင်း
7. ဧဒင်စာစဉ်-၆ လူတိုင်းအကျုံးဝင်ပညာရေး
8. ဧဒင်စာစဉ်-၇ ဧဒင်ရိပ်မြုံ၏ အီးစီအိုင်ဆိုင်ရာ သဘောထားကြေငြာချက်
9. ဧဒင်စာစဉ်-၈ မသန်စွမ်းသူများ၏ပညာသင်ယူခွင့်နှင့်ပတ်သက်သည့် ဥပဒေပုဒ်မများ
(ဂ) သုတေသနစာတမ်းများ
1. ဧဒင်ရိပ်မြုံ၏ ပထမသုတေသနစာတမ်း (အင်္ဂလိပ် + မြန်မာ) ဘာသာဖြငံ
2. ဧဒင်ရိပ်မြုံ၏ ဒုတိယသုတေသနစာတမ်း (အင်္ဂလိပ် + မြန်မာ) ဘာသာဖြင့်
3. လူတိုင်းအကျုံးဝင်ပညာရေးစီမံချက်ပြန်လည်သုံးသပ်သည့်စာတမ်း (နှစ်ဘာသာဖြင့်)
(ဃ) ဗီဒီယိုမှတ်တမ်းရိုက်ကူးချက်များ
1. ဟန်ထွန်းဦးအကြောင်း
2. ယူကျွပ်တွင်ဖေါ်ပြချက်အချို့
3. လူတိုင်းအကျုံးဝင်ပညာရေး စီမံချက်ဗီဒီယိုမှတ်တမ်း -၁
4. လူတိုင်းအကျုံးဝင်ပညာရေး စီမံချက်ဗီဒီယိုမှတ်တမ်း -၂
5. မြန်မာနိုင်ငံသား (အပိုင်း-၁၊ ၂၊ ၃)
ဧဒင်ရိပ်မြုံတွင် အသက်ကြီးပိုင်း၊ အတန်းကြီးမှ ကျောင်းသားများ၊ ကျောင်းသားဟောင်းများ၊ မိဘများနှင့် လုပ် အားပေးများမှ ပြုလုပ်ထားသည့် အမှတ်တရပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ ကဒ်ပြားများ၊ သင်ထောက်ကူ ပစ္စည်းနှင့်အခြား မသန်စွမ်းကလေးများအတွက်လိုအပ်နေသောပစ္စည်းကရိယာများရရှိနိုင်ပါသည်။ လိုအပ်သော သူများ ကြိုတင်မှာယူပါက ပြုလုပ်ပေးနိုင်ပါသည်။ စီးပွားဖြစ်မဟုတ်ပါ။ အကူအညီလိုသောသူများအား ကူညီရန် ဖြစ်ပါသည်။ ရရှိနိုင်သောပစ္စည်း ကရိယာများမှာ –
(က) စျေးဆွဲချင်းများ၊
(ခ) အမှတ်တရပစ္စည်းများ
(ဂ) ရာသီအလိုက်ကဒ်များ
(ဃ) မတ်တပ်ရပ်ခုံ
(င) တောင်ကျဉ်းထိုင်ခုံ
(စ) သင်ထောက်ကူပစ္စည်းများ
(ဆ) အားပြုကရိယာအမျိုးမျိုး
(က) ဧဒင်ရိပ်မြုံ၊ အင်းစိန်အဆောက်အဦးတွင်ရှိသော သင်တန်းခန်းမ၊
(ခ) မသန်စွမ်းကလေးများအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများ၊ အားပြုကရိယာများ၊
(ဂ) မှော်ဘီမြို့နယ်၊ မြောင်းတကာရှိ စီဒီဒီ သင်တန်းကျောင်းရှိ အဆောက်အဦးနှင့် အသုံးအဆောင်
(က) ဖေး(စ)ဘုတ်မှ
(ခ) ယူကြုပ်မှ
(ဂ) မြန်မာ့ရုပ်မြင်သံကြားမှ
ဧဒင်ရိပ်မြုံသည် ၂၀၁၂ ခုနှစ်မှစပြီး မသန်စွမ်းမှုနှင့်ပတ်သက်သော အင်္ဂလိပ်နှင့် မြန်မာစာပေများကို စုဆောင်းကာ မသန်စွမ်းနှင့်ပတ်သက်သောစာကြည့်တိုက်တစ်ခုကို တည်ထောင်ခဲ့ပါသည်။ ယခုအခါ မသန်စွမ်း မှုနှင့်ပတ်သက်သော စာအုပ်စုစုပေါင်း (၁၂၀၀) ကျော်စုထားပြီးဖြစ်ပါသည်။
ဤစာကြည့်တိုက်သည် မသန်စွမ်းမှုကိုစိတ်ဝင်စားကြသောသူများ၊ မသန်စွမ်းမှုကိုလေ့လာပြီး ဆောင်း ပါးရေးသားလိုသောသူများ၊ ကျမ်းပြုလိုသောသူများ၊ သုတေသနပြုလုပ်လိုသောသူများနှင့် မသန်စွမ်းသူများ ကိုယ်တိုင်အတွက် လေ့လာနိုင်အောင်၊ အကျိုးပြုနိုင်အောင်တည်ထောင်ထားသော မြန်မာပြည်၏တစ်ခုတည်း သော မသန်စွမ်းဆိုင်ရာစာကြည့်တိုက်ဖြစ်ပါသည်။
ဧဒင်မသန်စွမ်းစာကြည့်တိုက်တွင် မသန်စွမ်းမှုဆိုင်ရာစာအုပ်များ၊ အထူးပညာရေးဆိုင်ရာစာအုပ်များ၊ မသန်စွမ်းမှုအမျိုးအစားဆိုင်ရာစာအုပ်များ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ Physiotherapy, Occupational Therapy, Speech Therapy, Music Therapy စာအုပ်များ၊ အသိပညာပေးခြင်းနှင့် ပတ်သက်သောစာအုပ် များ၊ သုတေသနနှင့် ဘွဲ့ရရှိရန်အတွက် ကျမ်းပြုထားသောစာများ အမျိုးစုံရှိပါသည်။ မြန်မာဘာသာဖြင့်ရေး သားထားသော မသန်စွမ်းဆိုင်ရာစာအုပ်၊ စာပေများ၊ မဂဇင်းများ၊ မသန်စွမ်းသူများပါဝင်ရိုက်ကူးထားသည့် စီဒီအခွေများ၊ soft copy များလည်းရှိပါသည်။ အင်တာနက် ၀ိုင်ဖိုင်လည်းအသုံးပြုနိုင်ပါသည်။ မသန်စွမ်းမှုကို စိတ်ဝင်စားသူများအားလုံး အချိန်မရွေးလာရောက်လည်ပတ် လေ့လာနိုင်ပါသည်။ ဖိတ်ခေါ်ပါသည်။
ဧဒင်ရိပ်မြုံတွင်ရရှိနိုင်သော မသန်စွမ်းမှုဆိုင်ရာ စာပေအရင်းအမြစ်များ –
(က) မသန်စွမ်းမှုအမျိုးမျိုး
(ခ) မသန်စွမ်းကလေးများအတွက် လိုအပ်သောဝန်ဆောင်မှုအမျိုးမျိုး
(ဂ) မသန်စွမ်းမှုဆိုင်ရာဆောင်းပါးများ
(ဃ) အခြားမသန်စွမ်းသူများအတွက်ဝန်ဆောင်မှုပေးသောအဖွဲ့အစည်းများ
၂။ ဧဒင်ရိပ်မြုံ၏ကိုယ်ပိုင်ထုတ်ဝေသော စာပေအရင်းအမြစ်များ
(က) ဧဒင်ရိပ်မြုံသတင်းစာစောင်နှင့် နှစ်ပတ်လည်အစီရင်ခံစာ
(ခ) ဧဒင်ရိပ်မြုံမှ ဘာသာပြန်ပြီးထုတ်ဝေသော မသန်စွမ်းမှုဆိုင်ရာစာအုပ်များ
(ဂ) ဧဒင်ရိပ်မြုံမှ ရေးသားပြုစုထားသောစာအုပ်များ
(င) ဧဒင်ရိပ်မြုံမှထုတ်ဝေခဲ့သော မသန်စွမ်းမှုဆိုင်ရာ သုတရသမဂဇင်းများ
(စ) ဧဒင်ရိပ်မြုံမှ ရေးသားပြုစုထားသောစာစောင်များ၊
၃။ ဧဒင်ရပ်မြုံမှပြုလုပ်၊ ထုတ်ဝေ ဖြန့်ချီခဲ့သော သုတေသနစာတမ်းများ
၄။ ဧဒင်ရိပ်မြုံမှ ရိုက်ကူးထားသော documentary များ
၅။ ဧဒင်ရိပ်မြုံတွင်ရရှိနိုင်သော မသန်စွမ်းကလေး၊ မိဘများပြုလုပ်သည့် လက်မှုပစ္စည်းများ
(က) စျေးဆွဲချင်းများ၊
(ခ)
၆။ ဧဒင်ရိပ်မြုံတွင် ငှါးရမ်းနိုင်သော အရင်းအမြစ်များ
(က) ဧဒင်ရိပ်မြုံ၊ အင်းစိန်အဆောက်အဦးတွင်ရှိသော သင်တန်းခန်းမ၊
(ခ) မသန်စွမ်းကလေးများအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများ၊ အားပြုကရိယာများ၊
(ဂ) မှော်ဘီမြို့နယ်၊ မြောင်းတကာရှိ စီဒီဒီ သင်တန်းကျောင်းရှိ အဆောက်အဦးနှင့် အသုံးအဆောင်
များ။
၇။ မီဒီယာတွင်ဖေါ်ပြခံရမှုများ