ဧဒင်ရိပ်မြုံ သမိုင်းအကျဉ်း
ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ၊ ပရဟိတလုပ်ငန်းကို ၂၀၀၀ ပြည့်နှစ် ဧပြီလ (၁၈) ရက်နေ့တွင် မြန်မာပြည်သားစေတနာရှင်များမှ ကိုယ်အင်္ဂါနှင့်ဉာဏ်ရည်မသန်စွမ်းကလေးများလိုအပ်နေသော အထူးပညာ ရေး၊ ပြည်လည်ထူထောင်ရေးနှင့် လူမှုရေးဝန်ဆောင်မှုများပေးဆောင်ရန်အတွက် ရန်ကုန်မြို့တွင်စတင် တည်ထောင်ခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယခုအခါ နှစ်စဉ်နှစ်တိုင်း မသန်စွမ်းကလေးပေါင်း (၂၅၀) ကျော်မှ လိုအပ်နေသောဝန်ဆောင်မှုများကို အခမဲ့ရရှိနိုင်စေရန်ဆောင်ရွက်ပေးနေသော ပရဟိတလုပ်ငန်းဖြစ် ပါသည်။ ထို့ပြင် ဧဒင်ရိပ်မြုံအနေဖြစ် နှစ်တိုင်း မသန်စွမ်းကျောင်းသူ/သား (၂၅၀) ကျော်မှ မိမိတို့ရပ်ရွာရှိ ပင်မကျောင်းများတွင် အခြားကလေးများနည်းတူပညာရယူ ခံစားနိုင်ရန်ကူညီပေးနေပါသည်။ မသန်စွမ်းမှုဆိုင် ရာစီမံချက်များမြန်မာပြည်အနှံ့အကောင်အထည်ဖေါ်ခြင်းအားဖြင့်လည်း မသန်စွမ်းသူမြောက်များစွာကို အသိ ပညာပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ မိမိတို့၏အရေးကိစ္စများကို မိမိတို့ကိုယ်တိုင်ပြောဆိုရဲလာ အောင် ကူညီပံ့ပိုးဖြင်းများကိုလည်းလုပ်ငဆောင်ပေးနေသောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ဧဒင်ရိပ်မြုံအနေ ဖြင့် ဤဆယ်စုနှစ်နှစ်ခုအတွင်း မသန်စွမ်းသူများအတွက် တစ်ဆင့်ပြီးတစ်ဆင့်တိုး၍လုပ်ဆောင်ပေးနေပါသည်။ အစပိုင်းတွင် မသန်စွမ်းကလေးများအတွက်လိုအပ်နေသောဝန်ဆောင်မှုများကို အကောင်းဆုံးပေးခြင်းဖြင့် လုပ်ငန်းစတင်ခဲ့ပြီး ယနေ့အထိတိုး၍ သက်ဆိုင်ရာကျွမ်းကျင်သူပညာရှင်များအားဖြင့် လုပ်ဆောင်နေပါသည်။ ၂၀၀၇ ခုနှစ်မှစပြီး မသန်စွမ်းဆိုင်ရာစီမံချက်များကို မြန်မာပြည်အနှံ့အကောင်အထည်ဖေါ်ခြင်းအားဖြင့် ရပ်ရွာ အခြေပြုသည့်လုပ်ငန်းများကိုလုပ်ဆောင်ကာ မသန်စွမ်းမှုနှင့်ပတ်သက်ပြီး ပြည်သူများအမြင်ပွင့်လာရန်၊ ဖွံ့ဖြိုး ရေးလုပ်ငန်းလုပ်သောအဖွဲ့အစည်းများမှလည်း မသန်စွမ်းမှုအကျုံးဝင်သည့်လုပ်ငန်းလုပ်ဆောင်လာနိုင် ရန်၊ မသန်စွမ်းမှုဆိုင်ရာသင်တန်းများကိုပေူခြင်း၊ မသန်စွမ်းမှုဆိုင်ရာစာပေများထုတ်ဝေခြင်း စသည်တို့ကို ယနေ့အထိလုပ်ဆောင်လာခဲ့ပါသည်။ နောက်ဆုံးအနေဖြင့် ၂၀၁၄ ခုနှစ်ကစပြီး မြန်မာပြည်တွင် မသန်စွမ်းသူ များ၏အခွင့်အရေးများကို ဥပဒေအရ၊ မူဝါဒအရ အကာအကွယ်ပြုလာနိုင်ရေးအတွက် အရေးဆိုခြင်းလုပ်ငန်း များကို တက်ကြွစွာစတင်လုပ်ကိုင်လာခဲ့ပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သောသုတေသန များကိုလည်းဆောင်ရွက်ခဲ့ပါသည်။
ဧဒင်ရပ်မြုံသည် မသန်စွမ်းကလေးများ၊ သူတို့၏မိသားစုဝင်များ၊ သူငယ်ချင်းများ၊ ဧည့်သည်များ
မှ နွေးထွေးသောမေတ္တာ၊ ဂရုပြုစောင့်ရှောက်မှု၊ အသိအမှတ်ပြုလက်ခံပေးခြင်းတို့ကိုခံစားစေနိုင် သည့်နေရာတစ်ခုဖြစ်သည်။ ထို့ကြောင့် မသန်စွမ်းကလေးများအနေဖြင့် မိမိကိုယ်ကိုယ်မိမိယုံကြည်စိတ်တိုးလာခြင်း၊ သူတို့၏စိတ်ခံစားမှု၊ စိတ်လှုပ်ရှားမှုများကို လွတ်လက်စွာဖေါ်ထုတ်နိုင်သောနေရာတစ်ခုဖြစ်ပါသည်။ တစ်နည်းအားဖြင့် မသန်စွမ်းကလေးများမှ ကလေးဘဝကို ပျော်ရွှင်စွာနှင့် အဓိပ္ပါယ်ပြည့်ဝစွာဖြတ်သန်းလာနိုင်ရန်ကူညီပေးနေပါသည်။ မသန်စွမ်းကလေးများ လူမှုအသိုက်အဝန်အတွင်းတွင် အမှန်တစ်ကယ်အကျုံးဝင်လာနိုင်မှုကို မြည်းစမ်းနိုင်ရန်အတွက် ဧဒင်သို့လာရောက်လည်ပတ်ပါရန် ဖိတ်ခေါ်အပ်ပါသည်။
မေတ္တာစစ်သည် အကြောက်တရားနှှင့်ပေါင်းလို့မရပါ။ မေတ္တာသည်စိတ်ရှည်တတ်သည်။ ကျေးဇူးလည်းပြုတတ်သည်။ အလွယ်တကူဒေါသမထွက်တတ်။ အပြစ်ကိုမှတ်ထားခြင်းမပြုပါ။ လက်စားခြေချင်စိတ်လည်းမရှိပါ။ မဝါကြွားတတ်။ အကြမ်းကြုတ်ပါ။
ဧဒင်ရိပ်မြုံမိသားစုများမှ ခိုင်မြဲစွာယုံကြည်သည်မှာ –
မေတ္တာသည်သာ တတ်စွမ်းနိုင်တာ
ဟူ၍ဖြစ်သည်။
ဧဒင်ရိပ်မြုံ၏ သင်တန်းဌာန
ဧဒင်ရိပ်မြုံအနေဖြင့် မိမိတို့၏အတွေ့အကြုံ၊ ကျွမ်းကျင်မှုတို့ကို မသန်စွမ်းကလေးများအားပြုစုပေးနေသော သူများ၊ စိတ်ဝင်စားသူများအား ပညာဖြန့်ဝေပေးခြင်းက်ု ဧဒင်ရိပ်မြုံစတင်ချိန်ကစပြီးအမြဲလုပ်ဆောင်လာခဲ့ပါ သည်။ ဤသို့ပညာတစ်ဆင့်ဖြန့်ဝေခြင်းလုပ်ငန်းအစီအစဉ်ကို စနစ်တစ်ကျနှင့် ထိရောက်စွာလုပ်ဆောင်နိုင်ရန်အ တွက် အတွေ့အကြုံရှိသော ကျွမ်းကျင်သူဝန်ထမ်းများဖြင့် ဧဒင်ရိပ်မြုံသင်တန်းဌာနကို ၂၀၁၇ ခုနှစ်ကစပြီး ဖွဲ့စည်းခဲ့ပါသည်။ လက်ရှိတွင် ယခင်ပညာရေးဌာနတာဝန်ခံ၊ စီမံချက်မန်နေဂျာများဆောင်ရွက်ခဲ့သည့် ဆရာမ နော်ဟဲကလေးနှင့်အဖွဲ့ဝင် (၂) ဦးမှဦးစီးပြီးလုပ်ဆောင်နေပါသည်။ လိုအပ်ပါက ဧဒင်ရိပ်မြုံကျွမ်းကျင်ဝန် ထမ်းများမှလည်း လိုအပ်သလိုကူညီဆောင်ရွက်ပေးနေပါသည်။ သင်တန်းဌာနမှ မိမိတို့သင်တန်းအမျိုးအစား များချမှတ်ကာ ထိုသင်တန်းများကို ပေးနေသလို မသန်စွမ်းမှုဆိုင်ရာသင်တန်းလိုအပ်နေသာသူများ၏လိုအပ် ချက်များနှင့်အညီ ဖြည့်ဆည်းပေးပြီး လုပ်ဆောင်ပေးနေပါသည်။
ဤမသန်စွမ်းမှုနှင့်ပတ်သက်သောသင်တန်းများကို အခကြေးငွေပေးပြီးဆောင်ရွက်နေခြင်းဖြစ်ပြီး ဧဒင်ရိပ်မြုံ ပရဟိတလုပ်ငန်းအတွက် ဝင်ငွေရှာဖွေပေးနေသည့်အစီအစဉ်တစ်ခုဖြစ်ပါသည်။ တစ်ကယ်လိုအပ်နေသောသူ များအတွက်ကူညီဆောင်ရွက်ပေးနေသလို ပြည်တွင်းအဖွဲ့ အစည်းများအတွက် စျေးနုန်းတစ်မျိုးသတ်မှတ်ပေး ထားပါသည်။
ဧဒင်ရိပ်မြုံ၊ ဟါးခါး
ဧဒင်ရိပ်မြုံအနေဖြင့် ၂၀၁၄ ခုနှစ်ကစပြီး ချင်းပြည်နယ်ဟါးခါးနှင့်ထန်တလန်မြို့နယ်များတွင် မသန်စွမ်းမှုနှင့်ပတ် သက်သည့်စီမံကိန်းများကို စတင်အကောင်အထည်ဖေါ်လုပ်ဆောင်ခဲ့ပါသည်။ ပထမအကြိမ်ချင်းပြည်နယ်တွင် စတင်ဆောင်ရွက်ခဲ့သောစီမံချက်မှာ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးစီမံချက် ဖြစ်ပြီး ဂျာမဏီနိုင်ငံရှိ အရပ် ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Kindermissionswerk မှငွေကြေးပံ့ပိုးပေးထားပါသည်။ ၂၀၁၅ ခုနှစတွင် ချင်း ပြည်နယ်အစိုးရမှ ဧဒင်မသန်စွမ်းရိပ်မြုံ၏ မသန်စွမ်းမှုဆိုင်ရာလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ၃ ဧကရှိ မြေကွက် တစ်ခုကို ဦးထပ်လှိုင်လမ်း၊ ကျောဘုတ်ရပ်ကွက်တွင် နေရာချပေးခဲ့ပါသည်။ ထိုမြေကွက်တွင် နှစ်ထပ် ဆောင်အဆောက်အဦးတစ်ခုကို ၂၀၁၉ ခုနှစ် မေလတွင် ဦးထောင်ကီယန်း၏အကူအညီဖြင့် ဆောက်လုပ်ပြီး စီးခဲ့ပါသည်။ ထိုကြောင့် ဧဒင်ရိပ်မြုံရန်ကုန်၏လုပ်ငန်းခွဲတစ်ခုအဖြစ် ဧဒင်ရိပ်မြုံ၊ ဟါးခါးရုံးကို စတင်ဖွင့်လှစ်နိုင်ခဲ့ ပါသည်။ ဤလုပ်ငန်းခွဲသည် ဧဒင်ရိပ်မြုံစတင်ပြီး (၂၀) နှစ်ကြာမှ ပထမဦဆုံးအဖြစ် ဖွင့်လှစ်နိုင်ခြင်းဖြစ်ပါသည်။
စီအီးအစီအစဉ် (Conductive Education (CE) Program)
ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော တရုပ်ပြည်ရှိ ‘Silver Lining Foundation’ ထံမှ သူငယ်နာအကြောတင်းကလေးများအားပြုစုပေးသည့်နည်းပညာအသစ် စီအီးကို ၂၀၁၈-၁၉ စာသင်နှစ်တွင်သင်ယူခဲ့ပြီးနောက် ဧဒင်ရိပ်မြုံတွင် ထိုမိတ်ဖက်အဖွဲ့အစည်း၏အကူအညီဖြင့် ဤအ စီအစဉ်ကိုစတင်နိုင်ခဲ့ပါသည်။ ဤပညာရပ်ကို နန်နင်းမြို့၊ ကွမ်ရီပြည်နယ်၊ တရုပ်ပြည်တွင် ဧဒင်ဝန်ထမ်း (၅) ဦး မှ တစ်ပတ်ကြာစတင်လေ့လာသင်ယူခဲ့ပါသည်။ လုပ်ငန်းစတင်ပြီးသည့်နောက် ထိုကျောင်းမှကျွမ်းကျင်သူဆရာ မှလည်းကောင်း၊ ဟောင်ကောင်တက္ကသိုလ်တစ်ခုမှ ပါမေက္ခဒေါက်တာချိမ့်ကသော်လည်းကောင်း နည်းပညာ အသစ်ကို ဆက်လက်သင်ပေးနေကြပါသည်။ ၂၀၁၈-၁၉ စာသင်နှစ်တွင် သူငယ်နာအကြောတင်းကလေး (၁၂) ဦးဖြင့် စာသင်ခန်း (၂) ခန်းဖွင့်လှစ်ပြီး စီအီးအစီအစဉ်ကိုစတင်နိုင်ခဲ့ပြီး ၂၀၁၉-၂၀ ခုနှစ်တွင် ကလေးဦးရေ (၂၀) အထိတိုး၍လုပ်ဆောင်ပေးနေပါသည်။
စီအီးသည် ပညာရေးစနစ်တစ်ခုဖြစ်ပြီး ဟန်ကေရီပါမေက္ခအန်ဒရပ်ပီတိုမှ စတင်မိတ်ဆက်ပေးသောနည်းစနစ် သစ်တစ်ခုဖြစ်ပါသည်။ အထူးသဖြင့် ဦးနှောက်ပျက်သွားသောကြောင့် လှုပ်ရှားမှုဆိုင်ရာပြသနာရှိသောကလေး နှင့်အရွယ်ရောက်သူများ (ဥပမာ – သူငယ်နာအကြောတင်းသူများ) အတွက်တီထွင်ပေးသောကုထုံး နည်းပညာ တစ်မျိုးဖြစ်ပါသည်။
ဧဒင်ရိပ်မြုံအနေဖြင့် မိမိတို့၏အတွေ့အကြုံ၊ ကျွမ်းကျင်မှုတို့ကို မသန်စွမ်းကလေးများအားပြုစုပေးနေသော သူများ၊ စိတ်ဝင်စားသူများအား ပညာဖြန့်ဝေပေးခြင်းကို ဧဒင်ရိပ်မြုံစတင်ချိန်ကစပြီးအမြဲလုပ်ဆောင်လာခဲ့ပါ သည်။ ဤသို့ပညာတစ်ဆင့်ဖြန့်ဝေခြင်းလုပ်ငန်းအစီအစဉ်ကို စနစ်တစ်ကျနှင့် ထိရောက်စွာလုပ်ဆောင်နိုင်ရန်အ တွက် အတွေ့အကြုံရှိသော ကျွမ်းကျင်သူဝန်ထမ်းများဖြင့် ဧဒင်ရိပ်မြုံသင်တန်းဌာနကို ၂၀၁၇ ခုနှစ်ကစပြီး ဖွဲ့စည်းခဲ့ပါသည်။ လက်ရှိတွင် ယခင်ပညာရေးဌာနတာဝန်ခံ၊ စီမံချက်မန်နေဂျာများဆောင်ရွက်ခဲ့သည့် ဆရာမ နော်ဟဲကလေးနှင့်အဖွဲ့ဝင် (၂) ဦးမှဦးစီးပြီးလုပ်ဆောင်နေပါသည်။ လိုအပ်ပါက ဧဒင်ရိပ်မြုံကျွမ်းကျင်ဝန် ထမ်းများမှလည်း လိုအပ်သလိုကူညီဆောင်ရွက်ပေးနေပါသည်။ သင်တန်းဌာနမှ မိမိတို့သင်တန်းအမျိုးအစား များချမှတ်ကာ ထိုသင်တန်းများကို ပေးနေသလို မသန်စွမ်းမှုဆိုင်ရာသင်တန်းလိုအပ်နေသာသူများ၏လိုအပ် ချက်များနှင့်အညီ ဖြည့်ဆည်းပေးပြီး လုပ်ဆောင်ပေးနေပါသည်။
ဤမသန်စွမ်းမှုနှင့်ပတ်သက်သောသင်တန်းများကို အခကြေးငွေပေးပြီးဆောင်ရွက်နေခြင်းဖြစ်ပြီး ဧဒင်ရိပ်မြုံ ပရဟိတလုပ်ငန်းအတွက် ဝင်ငွေရှာဖွေပေးနေသည့်အစီအစဉ်တစ်ခုဖြစ်ပါသည်။ တစ်ကယ်လိုအပ်နေသောသူ များအတွက်ကူညီဆောင်ရွက်ပေးနေသလို ပြည်တွင်းအဖွဲ့ အစည်းများအတွက် စျေးနုန်းတစ်မျိုးသတ်မှတ်ပေး ထားပါသည်။
Training Unit Strategic Plan
Training booklet (Myanmar)
Training booklet (English)
Training Boucher
Training delivered record.
လှုပ်ရှားမှုဓါတ်ပုံများ။
ဧဒင်ရိပ်မြုံအနေဖြင့် ၂၀၁၄ ခုနှစ်ကစပြီး ချင်းပြည်နယ်ဟါးခါးနှင့်ထန်တလန်မြို့နယ်များတွင် မသန်စွမ်းမှုနှင့်ပတ် သက်သည့်စီမံကိန်းများကို စတင်အကောင်အထည်ဖေါ်လုပ်ဆောင်ခဲ့ပါသည်။ ပထမအကြိမ်ချင်းပြည်နယ်တွင် စတင်ဆောင်ရွက်ခဲ့သောစီမံချက်မှာ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးစီမံချက် ဖြစ်ပြီး ဂျာမဏီနိုင်ငံရှိ အရပ် ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Kindermissionswerk မှငွေကြေးပံ့ပိုးပေးထားပါသည်။ ၂၀၁၅ ခုနှစတွင် ချင်း ပြည်နယ်အစိုးရမှ ဧဒင်မသန်စွမ်းရိပ်မြုံ၏ မသန်စွမ်းမှုဆိုင်ရာလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ၃ ဧကရှိ မြေကွက် တစ်ခုကို ဦးထပ်လှိုင်လမ်း၊ ကျောဘုတ်ရပ်ကွက်တွင် နေရာချပေးခဲ့ပါသည်။ ထိုမြေကွက်တွင် နှစ်ထပ် ဆောင်အဆောက်အဦးတစ်ခုကို ၂၀၁၉ ခုနှစ် မေလတွင် ဦးထောင်ကီယန်း၏အကူအညီဖြင့် ဆောက်လုပ်ပြီး စီးခဲ့ပါသည်။ ထိုကြောင့် ဧဒင်ရိပ်မြုံရန်ကုန်၏လုပ်ငန်းခွဲတစ်ခုအဖြစ် ဧဒင်ရိပ်မြုံ၊ ဟါးခါးရုံးကို စတင်ဖွင့်လှစ်နိုင်ခဲ့ ပါသည်။ ဤလုပ်ငန်းခွဲသည် ဧဒင်ရိပ်မြုံစတင်ပြီး (၂၀) နှစ်ကြာမှ ပထမဦဆုံးအဖြစ် ဖွင့်လှစ်နိုင်ခြင်းဖြစ်ပါသည်။
ဧဒင်ရိပ်မြုံ၊ ဟါးခါး၏ရှေ့လုပ်ငန်းစဉ်များ
မသန်စွမ်းကလေးများအတွက်ဝန်ဆောင်မှုပေးသည့်နေ့ကျောင်း
ရှေးဦးအရွယ်ကလေးသူငယ်များပြုစုရေးဌာန
အိမ်တိုင်ယာရောက်ဝန်ဆောင်မှုပေးခြင်းအစီအစဉ်
လူတိုင်းအကျုံးဝင်ပညာရေးအစီအစဉ်
မူကြိုကလေးကျောင်ဖွင့်လှစ်ရေးအစီအစဉ်များ
မသန်စွမ်းသူများအတွက် အသက်မွေဝမ်းကျောင်းဖွင့်လှစ်ရေးအစီအစဉ်
သင်တန်းကျောင်းဆောက်လုပ်ခြင်းအစီအစဉ်
မိတ်ဖက်ဆက်သွယ်ခြင်းနှင့်ပူးပေါင်းဆောင်ရွက်ခြင်း
ဧဒင်မသန်စွမ်းသူများပြုစုရာရိပ်မြုံ၊ ဟါးခါး၊ ချင်းပြည်နယ်။
(လုပ်ငန်းကြီးကြပ်ရေးအဖွဲ့)
နာယက – ၁။ ဦးဆန်နီထန်ကျုံး၊ ရှေ့နေချူပ်၊ ချင်းပြည်နယ်အစိုးရ။ ဟါးခါးမြို့။
၂။ ဦးခင်မောင်ဝင်း၊ ဥက္ကဌ၊ မြို့နယ်စည်ပင်၊ ဟါးခါးမြို့ နှင့်
၃။ ဦးထောင်ကီယန်း၊ စီးပွားရေးလုပ်ငန်းရှင်၊ ရပ်မိရပ်ဖ၊ ဟါးခါးမြို့။
၁။ ဥက္ကဌ – ဒေါ်စုံရွောင်း၊ ခက်ထောက်ဦးစီးမှူး (ငြိမ်း)၊ စျေးသစ်ရပ်ကွက်၊ ဟါးခါး။
၂။ အတွင်းရေးမှုး – ဦးထာအုပ်၊ မန်နေးဂျင်းဒါရိုက်တာ၊ ဧဒင်ရိပ်မြုံ၊ အင်းစိန်၊ ရန်ကုန်။
၃။ တွဲဖက်အတွင်းရေးမှူး – ဒေါ်ထလှဲဆုန်၊ စီမံချက်မန်နေဂျာ၊ ချင်းစီဘီအာရ်၊ ဟါးခါးမြို့။
၄။ အဖွဲ့ဝင် – သိက္ခာတော်ရဆရာတော်ဒေါက်တာထန်ထီးယိုး၊ ဇိအုန်နှစ်ခြင်း
အသင်းတော်၊ စျေးသစ်ရပ်ကွက်၊ ဟါးခါးမြို့။
၅။ အဖွဲ့ဝင် – ဦးဘွယ်ဖာလိန်း၊ အဟာရကျွမ်းကျင်သူ၊ ပြည်နယ်ကျန်းမာရေးရုံး။
၆။ အဖွဲ့ဝင် – ဦးကျုံဟူး၊ မြော်လင့်ခြင်းသွေးလှူရှင်အသင်း၊ ဟါးခါးမြို့၊
၇။ အဖွဲ့ဝင် – ဒေါ်ငွန်ဒီး၊ အစီအစဉ်ညှိုနိုင်းရေးမှူး၊ ဧဒင်ရိပ်မြုံ၊ အင်းစိန်၊ ရန်ကုန်။
ဧဒင်မသန်စွမ်းသူများပြုစုရာရိပ်မြုံ၊ ဟါးခါး၊ ချင်းပြည်နယ်၏ ဝန်ထမ်းခန့်ထားရေးအဖွဲ့။
၁။ ဘုတ်အဖွဲ့ဝင်နှစ်ဦး
၃။ ဦးထာအုပ်
၄။ ဒေါ်ငွန်ဒီး
၅။ ဒေါ်ထလှေးဆုန်
လက်ရှိချင်းပြည်နယ်တွင်ဧဒင်ရိပ်မြုံမှ အကောင်အထည်ဖေါ်ဆောင်ရွက်နေသည့်စီမံကိန်းများ
၁။ ချင်းစီဘီအာရ်စီမံကိန်း (Chin CBR project)
ငွေကြေးပံ့ပိုးသသည့်အဖွဲ့ – Kindermissionswerk, Germany
စီမံကိန်းကာလ – (၂) နှစ်။ (တတိယအကြိမ်သက်တမ်းတိုးခြင်း) ၂၀၂၀ အောက်တိုဘာလအထိ။
စီမံကိန်းဦးတည်နေရာ – ဟါးခါးနှင့် ထန်တလန်မြို့နယ်၊ ချင်းပြည်နယ်။
ဝန်ထမ်းဦးရေ – (၅) ယောက်
၂။ LIFT မှပံ့ပိုးပေးနေသော စီမံကိန်း (Nothing about us without all of us)
ငွေကြေးပံ့ပိုးသသည့်အဖွဲ့ – LIFT
စီမံကိန်းကာလ – အောက်တိုဘာ ၂၀၁၈ မှ စက်တင်ဘာ ၂၀၂၀ အထိ။ (၂) နှစ်။
စီမံကိန်းဦးတည်နေရာ – တီးတိန်၊ ဖလမ်း၊ ဟါးခါး၊ ထန်တလန်၊ မတူပီ၊ မင်းတပ်မြို့နယ်၊ ချင်းပြည်နယ်။
ဝန်ထမ်းဦးရေ – (၁၄) ယောက်
၃။ Open Society Myanmar မှပံ့ပိုးပေးနေသော စီမံကိန်း (Mainstreaming ECD centre project)
ငွေကြေးပံ့ပိုးသသည့်အဖွဲ့ – Open Society Myanmar
စီမံကိန်းကာလ – (၂) နှစ်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ မှ ၂၀၂၀ ခုနှစ် စက်တင်ဘာအထိ။
စီမံကိန်းဦးတည်နေရာ – ဟါးခါးမြို့နယ်၊ ချင်းပြည်နယ်။ ကလေးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။
အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ပုသိမ်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး
နှင့် ဖာအံမြို့နယ်၊ ကရင်ပြည်နယ်။
ဝန်ထမ်းဦးရေ – (၂) ဦး
ဧဒင်ရိပ်မြုံ၊ ဟါးခါးလုပ်ငန်းခွဲ၏ ဖွဲ့စည်းပုံ။
ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော တရုပ်ပြည်ရှိ ‘Silver Lining Foundation’ ထံမှ သူငယ်နာအကြောတင်းကလေးများအားပြုစုပေးသည့်နည်းပညာအသစ် စီအီးကို ၂၀၁၈-၁၉ စာသင်နှစ်တွင်သင်ယူခဲ့ပြီးနောက် ဧဒင်ရိပ်မြုံတွင် ထိုမိတ်ဖက်အဖွဲ့အစည်း၏အကူအညီဖြင့် ဤအ စီအစဉ်ကိုစတင်နိုင်ခဲ့ပါသည်။ ဤပညာရပ်ကို နန်နင်းမြို့၊ ကွမ်ရီပြည်နယ်၊ တရုပ်ပြည်တွင် ဧဒင်ဝန်ထမ်း (၅) ဦး မှ တစ်ပတ်ကြာစတင်လေ့လာသင်ယူခဲ့ပါသည်။ လုပ်ငန်းစတင်ပြီးသည့်နောက် ထိုကျောင်းမှကျွမ်းကျင်သူဆရာ မှသေည်လည်းကောင်း၊ ဟောင်ကောင်တက္ကသိုလ်တစ်ခုမှ ပါမေက္ခဒေါက်တာချိမ့်ကသော်လည်းကောင်း နည်း ပညာအသစ်ကို ဆက်လက်သင်ပေးနေကြပါသည်။ ၂၀၁၈-၁၉ စာသင်နှစ်တွင် သူငယ်နာအကြောတင်းကလေး (၁၂) ဦးဖြင့် စာသင်ခန်း (၂) ခန်းဖွင့်လှစ်ပြီး စီအီးအစီအစဉ်ကိုစတင်နိုင်ခဲ့ပြီး ၂၀၁၉-၂၀ ခုနှစ်တွင် ကလေးဦးရေ (၂၀) အထိတိုး၍လုပ်ဆောင်ပေးနေပါသည်။
စီအီးသည် ပညာရေးစနစ်တစ်ခုဖြစ်ပြီး ဟန်ကေရီပါမေက္ခအန်ဒရပ်ပီတိုမှ စတင်မိတ်ဆက်ပေးသောနည်းစနစ် သစ်တစ်ခုဖြစ်ပါသည်။ အထူးသဖြင့် ဦးနှောက်ပျက်သွားသောကြောင့် လှုပ်ရှားမှုဆိုင်ရာပြသနာရှိသောကလေး နှင့်အရွယ်ရောက်သူများ (ဥပမာ – သူငယ်နာအကြောတင်းသူများ) အတွက်တီထွင်ပေးသောကုထုံး နည်းပညာ တစ်မျိုးဖြစ်ပါသည်။
စီအီးအစီအစဉ်၏ထူးခြားချက် ၀ိသေသလက္ခဏာများ
ကြွက်သားလှုပ်ရှာမှုမမှန်သောမသန်စွမ်းသူများကို ဦးတည်ထားခြင်း
ဖက်စုံစဉ်းစားပြီး မသန်စွမ်းကလေး၏ပြန်လည်ထူထောင်မှုလုပ်ငန်းကိုလုပ်ဆောင်နေခြင်း (ဥပမာ – မသန်စွမ်းကလေးသာမကဘဲ မိဘများ အခြေခံပြုစုစောင့်ရှောက်သူများကိုတန်းတူတန်ဖိုးထားပြီး ကူညီလုပ်ဆောင်ပေးခြင်း)
ကျွမ်းကျင်သူများစုပေါင်းလက်တွဲလုပ်ဆောင်နေခြင်း
မသန်စွမ်းကလေးတစ်ဦးချင်းစီ၏ဘဝကို အခြားလူသားများကဲ့သို့တန်ဖိုးထားနေခြင်း
မသန်စွမ်းသူ၏စွမ်းဆောင်နိုင်မှုကိုသာရှုမြင်ပေးခြင်း (မစွမ်းဆောင်နိုင်မှုမဟုတ်ဘဲ)
ဘယ်လောက်ဘဲမသန်စွမ်းမှုဆိုးဝါးနေပါလေစေ လုံလောက်သောဝန်ဆောင်မှုပေးနိုင်ပါက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သောသူများဖြစ်သည်ဟု ယုံကြည်ပေးနေခြင်း
ဝန်ဆောင်မှုပေးသည့်အချိန်တိုင်း၊ အစီအစဉ်တိုင်းကို ကလေးများအတွက် ပျော်ရွင်ဖွယ်အချိန် အဖြစ်ဖန် တီးပေးပြီးမှသာ ဝန်ဆောင်မှုပေးခြင်း
မိဘများအတွက်အစီအစဉ်ကို ကလေးများအတွက်အစီအစဉ်နှင့်တန်းတူတန်ဖိုးထားပြီး စီစဉ် ဆောင်ရွက်ပေးနေခြင်း
အထောက်အထားအခိုင်အမာဖြင့် လုပ်ဆောင်ပေးခြင်း၊ သုတေသနလုပ်ခြင်းဖြင့်ပံ့ပိုးပေးခြင်း
သီးခြားနည်းလမ်း၊ စနစ်တကျဖွင့်လှစ်သောသင်တန်းကျောင်းနှင့်သင်ရိုးညွှန်းတမ်းရှိပြီး ကမ္ဘာ နှင့်အဝှမ်း ချိတ်ဆက်ပေးနေသည့်ကွန်ယက်ရှိနေခြင်း
၂၀၂၀ ခုနှစ် မေလတွင် လေးနှစ်တစ်ခါပြုလုပ်သော (၁၀) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာစီအီး ညီလာခံကို ဟန်ကယ်ရီမြို့ တော်တွင် ပြုလုပ်ရန်ရှိပါသည်။
မသန်စွမ်းကလေးများ၏ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် အသိအမှတ်ပြုခံရသောနည်းလမ်းတစ်ခု ဖြစ်နေခြင်း။