FAQ

Number Of Visitor

0124961
Visit Today : 40
Visit Yesterday : 127

မိတ်ဖက်အဖွဲ့အစည်းများ။
ဧဒင်မသန်စွမ်းရိပ်မြုံသည် မသန်စွမ်းကလေးများအတွက်ဝန်ဆောင်မှုပေးနေသော အထူးကျောင်းဖြစ်သည်သာ မက အစိုးရဌာနများ၊ ပြည်တွင်းပြည်ပ အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများ၊ အလှူရှင်အဖွဲ့အစည်းများနှင့် အခြား မိတ်ဖက်အဖွဲ့အစည်းများစွာနှင့်လက်တွဲပြီး မသန်စွမ်းမှုနှင့်ပတ်သက်သောစီမံကိန်းများကိုရေးဆွဲပြီး နိုင်ငံအနှံ့ တွင် ၂၀၀၇ ခုနှစ်ကစပြီး ယနေ့အထိ မသန်စွမ်းမှုဆိုင်ရာစီမံကိန်းများရေးဆွဲပြီး မြန်မာနိုင်ငံအနှံ့ အကောင်အ ထည်ဖေါ်နေသော အသင်းအဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။
ဧဒင်ရိပ်မြုံသည် ပရဟိတလုပ်ငန်းတစ်ခုဖြစ်သည့်အားလျော်စွာ အလှူရှင်များ၊ လုပ်အားပေးသူများ၊ အခြားစေ တနာရှင်များ၊ မိတ်ဆွေများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပါဝင်ပူးပေါင်းမှု၊ အားပေးကူညီမှုမရှိဘဲ ဘာမှလုပ် ဆောင်နိုင်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ယုံကြည်မှုကြောင့်သာ ဆက်လက် လုပ်ဆောင်နေနိုင်ခြင်းဖြစ်ပါသည်။ ဧဒင်အနေဖြင့်လည်း လက်ခံရရှိသောလှူဒါန်းမှုအဝဝကို ဖြုန်တီးမှုမရှိစေရန် နှင့် ထိထိရောက်ရောက်အသုံးပြုနိုင်ရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စေတနာထားလုပ်ဆောင် နေပါသည်။
(က) ဧဒင်ရိပ်မြုံစတင်ဖွဲ့စည်းသည့် ၂၀၀၀ ပြည့်နှစ်မှစပြီး ယနေ့အထိ ဧဒင်မှတင်ပြအဆိုပြုထားသော စီမံချက်အ ဆိုပြုလွှာများကိုလက်ခံပေးပြီး ငွေကြေးပံ့ပိုးပေးခဲ့ကြသော မိတ်ဖက်အဖွဲ့အစည်းများမှာ –
(ကက) နိုင်ငံခြားသံရုံးများ
၁။ ဂျပန်သံရုံး
၂။ သြစတေးလျှသံရုံး
၃။ ဂျာမဏီသံရုံး
၄။ အင်္ဂလိပ်သံရုံး
၅။ အီတလီသံရုံး
၆။ အစ္စရေး သံရုံး
၇။ ပြင်သစ် သံရုံး
၈။ ဖင်လန် သံရုံး
၉။ ကနေဒါ သံရုံး
(ခခ) အလှူရှင်အဖွဲ့အစည်းများ
၁။ European Union (EU) ဥရောပသမ္မဂ
၂။ Department for International Development (DFID)
၃။ Livelihoods and Food Security Trust Fund (LIFT)
၄။ Open Society (Myanmar)

(ဂဂ) နိုင်ငံတကာအရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများ
a. Association of Aid and Relief (Japan)
b. The Leprosy Mission International (TLMI)
c. Triangle Generate Humanitarian (TGH)
d. Welthungerhilfe (WHH) previously called “German Agro Action (GAA)”

(ခ) လက်ရှိမိတ်ဖက်အဖွဲ့အစည်းများ။
 Association for Aid and Relief (AAR), Japan
 Kindermissionwerks, Germany (from 2014 to today)
 Eden Social Welfare Foundation, Taiwan (from 2014 to today)
 Research Centre for Inclusion (RCI), Vietnam (from 2014 to today)
 Livelihoods and Food Security Trust Fund (LIFT) (from 2018 to today)
 Open Society Myanmar (OSM) (from 2018 to today)
 French Embassy project – self advocacy
 Silver Lining Foundation (SLF), China

(ဂ) စီမံကိန်းအကောင်အထည်ဖေါ်ခြင်းမှတ်တမ်း
(သီးခြားဖိုင်ဖြင့်တင်ပြ)
(ဃ) ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကွန်ယက်ချိတ်ဆက်ခြင်း။
 National Committee for the rights of persons with disabilities (NCRPWD)
(Education Sub-Committee)
 Myanmar Community Based Rehabilitation Network (Myanmar CBR Network)
 Myanmar Special Education Association (MSEA)
 National Network for Education Reform (NNER)
 Myanmar Federation for Persons with Disabilities (MFPD)
(Education and Disability Working Group – EDWG)
(င) အထူးမိတ်ဖက်အဖွဲ့အစည်း
 Silver Lining Foundation (SLF),
(စ) အခြားမိတ်ဖက်အဖွဲ့အစည်းများ
 ချုံဟွာခရစ်ယာန်ဆေးရုံ၊ ထိုင်ဝမ်
ချုံဟွာခရစ်ယာန်ဆေးရုံ၊ ထိုင်ဝမ်မှ အထူးကုဆရာဝန်များ၊ ကျွမ်းကျင်သူများပါဝင်သည့်အဖွဲ့စည် ဧဒင်ရိပ်မြုံသို့ နှစ်စဉ်လာရောက်ပြီး ကျန်းမာရေးဝန်ဆေင်မှုများကို လုပ်အားပေးကူညီလာလုပ်ပေးလေ့ရှိပါသည်။ ထိုသို့လာ ရောက်သည့်အခါ မသန်စွမ်းကလေးများသာမကဘဲ မိဘများ၊ ဝန်ထမ်းများနှင့် ရပ်ကွက်မှရပ်မိရပ်ဖများကို လည်း လိုအပ်သောအခြေခံကျန်းမာရေးဝန်ဆောင်မှု ပေးလေ့ရှိပါသည်။ ဤအဖွဲ့အနေဖြင့် ဧဒင်ရိပ်မြုံသို့လာ ရောက်ပြီး ကူညီဆောင်ရွက်ပေးနေသည်မှာ (၃) နှစ်ရှိပြီဖြစ်ပါသည်။

 အလင်းတန်းမြန်မာဖောင်ဒေးရှင်း၊
ကမ္ဘောဇ၊ အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ဧဒင်ရိပ်မြုံမှစီစဉ်ပေးထားသော မသန်စွမ်းကလေးများ၏ အခန်းအနားအချို့နှင့် ဧဒင်ရိပ်မြုံ၏ပွဲအချို့ကို ငွေကြေးကူညီပံ့ပိုးပေးလေ့ရှိပါသည်။ နှစ်စဉ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကျင်းပခြင်း၊ ဧဒင်ရိပ်မြုံကျောင်းဆင်းပွဲနှင့် မသန်စွမ်းကလေးများ၏ပညာသင်ယူခွင့်ရရှိရေး အတွက် အရေးဆိုပေးခြင်းစသည့်အခန်းအနားများအတွက် လိုအပ်သလို ပံ့ပိုးကူညီနေပါသည်။

 ပေါင်းကူး၊
ငွေကြေးပံ့ပိုးသည့်အဖွဲ့တစ်ခုဖြစ်သော ပေါင်းကူးအဖွဲ့သည်လည်း ဧဒင်ရိပ်မြုံ၏အခန်းအနားအချို့ကို ဆောင် ရွက်နိုင်ရန် ငွေကြေးပံ့ပိုလေ့ရှိပါသည်။ ဤသို့မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီပေးခြင်းဖြင့် ဧဒင်ရိပ်မြုံ အနေဖြင့် မသန်စွမ်းကလေးများအတွက် လိုအပ်သည်များကို လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးနေနိုင်ခြင်းဖြစ် ပါသည်။
 နိုင်ငံတကာမိတ်ဆွေများအုပ်စု (အိုင်အဲဖ်ဂျီ)
ဤ မြန်မာနိုင်ငံတွင်နေထိုင်နေကြသော စေတနာရှင်နိုင်ငံခြားသူများစုပေါင်းဖွဲ့သည့်အဖွဲ့ကလည်း ၂၀၁၀ ပြည့် လွန်နှစ်များတွင် ဧဒင်ရိပ်မြုံအတွက်လိုအပ်နေသော ပစ္စည်းများကိုပေးလှူခြင်း၊ အခြားလိုအပ်ချက်များအတွက် ငွေကြေးပံ့ပိုးပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
 စီလုံကိုးရီးယားမျက်မမြင်စင်တာ
ကိုးရီယားနိုင်ငံရှိ စီလုံမျက်မမြင်အသင်းတစ်ခုမှလည်း ဧဒင်ရိပ်မြုံ ပြန်လည်ထူထောင်ရေးဌာနအတွက် လိုအပ် သောပစ္စည်းကရိယာများကို အပြည့်အစုံပေးလှူပေးခဲ့ဘူးပါသည်။

(ဆ) အစိုးရဌာနများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း။
 လူမှုဝန်ထမ်းဦးစီးဌာန
 ပြန်လည်ထူထောင်ရေးဦးစီးဌာန
 အခြေခံပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊
 မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန
 ကျန်းမာရေးဦးစီးဌာန

(ဇ) စီမံကိန်းပြမြေပုံ

Upcoming Event

လတ်တ‌လော စာမူများ

Contact Us