ပူးပေါင်းပါဝင်ရန်ဖိတ်ခေါ်ခြင်း -
ကိုယ်အင်္ဂါနှင့်ဉာဏ်ရည်မသန်စွမ်းကလေးများအနေဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်ကိုရရှိပိုင်ဆိုင်လာနိုင် ကြစေရန် အတူတကွပံ့ပိုးကူညီကြပါစို့။
သူတို့တတွေရဲ့ ဘဝမီးတောက်ကိုလက်တွဲပြီး ပြန်လည်ထွန်းညှိပေးကြရအောင်ပါ။
မိတ်ဆွေဟာ အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းစီဖြစ်စေ မသန်စွမ်းကလေးများအနေဖြင့် သိက္ခာရှိစွာဖြင့် ပျော်ရွှင် ဖွယ်အဓိပ္ပါယ်ရှိသောဘဝတွင် ရှင်သန်လာနိုင်ကြရန်အတွက် ကူညီပေးနိုင်ပါတယ်။
ဤမွန်မြတ်သော ပရဟိတလုပ်ငန်းတွင် မိတ်ဆွေလည်းပါဝင်ပေးပါရန်မေတ္တာဖြင့်ဖိတ်ခေါ်ပါရစေ။ ယနေ့မြန်မာ့ လူအဖွဲ့အစည်းတွင် မသန်စွမ်းကလေးများဟာ ဘေးဖယ်ထားခြင်း၊ လစ်လျုရှုခြင်းတို့ကို ဆိုးဝါးစွာနေ့စဉ် ခံစား နေကြရပါတယ်။ မသန်စွမ်းနယ်ပယ်တွင် မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်ကြည့်မည်ဆိုပါက များစွာ နောက်ကျကျန်ရစ်နေပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသနှင့် တိုင်းရင်းသားလူမျိုးများမှ မသန်စွမ်းကလေး ငယ်များဟာ များစွာနောက်ကျကျန်ရစ်နေပါတယ်။
ပူးပေါင်းပါဝင် နိုင်သည့်နည်းလမ်းများ –
•ဧဒင်ရိပ်မြုံသည် ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံသားစေတနာရှင်များမှ ကိုယ်အင်္ဂါနှင့် ဉာဏ်ရည်မသန်စွမ်းကလေး များ၏ လိုအပ်နေသော ဝန်ဆောင်မှုများကိုလုပ်ဆောင်ပေးရန်အတွက် ရန်ကုန်မြို့မှာအခြေပြု ဖွဲ့စည်းခဲ့တဲ့ပရဟိတ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ စတင်ဖွဲ့စည့်ချိန်မှစပြီးယနေ့အထိ မသန်စွမ်း ကလေးများအနေဖြင့် မိမိတို့ရရှိသင့် ရရှိထိုက်သည့် ပညာသင်ယူခွင့်၊ ပြန်လည်ထူထောင်ရေး တိုင်ရာဝန်ဆောင်မှုရရှိခွင့်နှင့် လူမှုရေးဝန်ဆောင်မှု အစရှိသည့်အခွင့်အရေးများရရှိခြင်းဖြင့် ပျော်ရွင်သောကလေးဘဝ ရှိနိုင်ရန်အတွက်လုပ်ဆောင်ပေးနေပါသည်။
သင့်လှူဒါန်းမှုသည် အောက်ပါအတိုင်း ထိရောက်စွာအသုံးဝင်မည်ဖြစ်ပါသည်။
၂၅၀၀၀ ကျပ် ပေးလှူမှုသည် စာသင်ခန်း (၆) ခန်းအတွက် တစ်လစာ သင်ထောက်ကူပစ္စည်းများဝယ် ယူရန် လုံလောက်မည် ဖြစ်ပါသည်။
၅၀၀၀၀ ကျပ် ပေးလှူမှုသည် ဧဒင်ရိပ်မြုံသို့လာရောက်ကြသော မသန်စွမ်းကျောင်းသားအားလုံး အတွက် တစ်နေ့စာအဟာရဖြည့်စွက်စာကျွေးရန် လုံလောက်ပါသည်။ (တစ်နေ့ ကလေး ၁၂၀ ခန့်)
၁၀၀၀၀၀ ကျပ် ပေးလှူမှုသည် မသန်စွမ်းကလေး အယောက် (၂၀) ဦးအတွက် တစ်နှစ်စာ ကျောင်း ဝတ်စုံ တစ်စုံစီ ဝယ်ပေးရန်အတွက် လုံလောက်မည်ဖြစ်ပါသည်။
၃၀၀၀၀၀ ကျပ် ပေးလှူမှုသည် ဧဒင်ရိပ်မြုံရှိ စာသင်ခန်းများနှင့် ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်း များ၏ တစ်လစာလျှပ်စစ်မိတာခပေးဆောင်ရန်အတွက် လုံလောက်မည်ဖြစ်ပါသည်။
စေတနာရှင်များမှ ပါဝင်ပေးလျှမည်ဆိုပါက –
ဧဒင်ရိပ်မြုံ၏ ဘဏ်စာရင်းတွင်သော်လည်းကောင်း
မိမိကိုယ်တိုင် ဧဒင်ရိပ်မြုံသို့လာရောက်ပေးလှူခြင်းအားဖြင့်သော်လည်းကောင်း ပါဝင်နိုင်ကြပါသည်။
ထိရှလွယ်ဆုံး မသန်စွမ်းကလေးများအနေဖြင့် သူတို့၏မွေးရာပါအခွင့်အရေးများဖြစ်သောပညာရေး၊ ပြန်လည်ထူထောင်ခြင်းဆိုင်ရာဝန်ဆောင်မှုများနှင့် လူမှုရေးဝန်ဆောင်မှုများကို အများနည်းတူရရှိ ခံစားခြင်း အားဖြင့် သူတို့၏စိတ်ခံစားမှုများ၊ ဆန္ဒများ၊ အကြံဉာဏ်များနှင့် ပူးပေါင်းပါဝင်လာနိုင်သည့်အခွင့်အရေးများရှိ လာရန်အတွက် ကူညီဆောင်ရွက်ပေးရန်ဖြစ်သည်။
အပြုစုခံလူသားများအနေအထားမှ မိမိလူ့အဖွဲ့အစည်းအတွက် ပြန်လည်လုပ်ဆောင်ပေးနိုင်သော နိုင်ငံသားများဖြစ်လာရန်အတွက် ကူညီလုပ်ဆောင်ပေးသောလုပ်ငန်းဖြစ်သောကြောင့် အလှူရှင်များ အနေဖြင့် စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံသည် ပရဟိတလုပ်ငန်းဖြစ်သည့်အားလျှော်စွာ မိမိတတ်နိုင်
သည့်ဖက်မှပါဝင်လုပ်အားပေးမည့်သူများအား အမြဲတမ်းလက်ကမ်းကြိုဆိုနေပါသည်။ အထူးသဖြင့် မသန်စွမ်း ကလေးများ၏လိုအပ်နေသောဝန်ဆောင်မှုများကို ပေးနိုင်သောကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသူများကို အထူးမျှော်လင့်နေပါသည်။ မြန်မာနိုင်ငံတွင် ဤလောက၊ နယ်ပယ်သည်လူသိအလွန်နည်းပါးနေသေးခြင်း၊ ဆိုင် ရာကျွမ်းကျင်သူများမရှိခြင်းတို့ကြောင့် စေတနာရှင်ကျွမ်းကျင်သူများအား အထူးလိုအပ်လျက်ရှိပါသည်။
မသန်စွမ်းမှုဆိုင်ရာကျွမ်းကျင်မှုများသာမကဘဲ အဖွဲ့အစည်းတစ်ခုအတွက်လိုအပ်နေသော ဘဏ္ဍာရေး၊ စီမံရေး၊ ရန်ပုံငွေရှာဖွေရေးစသည့် အခြားကဏ္ဍများတွင်ကျွမ်းကျင်သောသူများလည်း လုပ်အားလာပေးနိုင်ပါ သည်။ ဧဒင်ရိပ်မြုံပရဟိတလုပ်ငန်းသည် အဖက်ဖက်မှကိုယ်ကြိုးမဖက်ဘဲ ကူညီလုပ်ဆောင်ပေးနေသောသူများ ၏စုပေါင်းလုပ်ဆောင်ခြင်းဖြင့် လည်ပတ်နေသောလုပ်ငန်းတစ်ခုဖြစ်ရန်အမြဲကြိုးစားနေပါသည်။ ထို့ကြောင့် လူကြီးမင်များ၏ အချိန်၊ ကျွမ်းကျင်မှု၊ ပိုင်ဆိုင်မှုနှင့် လုပ်အားများကိုဝေမျှခြင်းအားဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာဖြင့်ဖိတ်ခေါ်ပါရစေ။
ဧဒင်ရပ်မြုံအနေဖြင့် မသန်စွမ်းကလေးများအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်အတွက် လို အပ်သလို စီမံချက်အသေးစားများပြုစုကာ လိုအပ်သောအလှူငွေများရှာဖွေပြီး လုပ်ငန်းများကိုလုပ်ဆောင်ပေး နေပါသည်။ ဥပမာ – အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကိုကျင်းပနိုင်ရန်အတွက် ရန်ကုန်မြို့ရှိအခြားမသန် စွမ်းကျောင်းများနှင့်ပူးပေါင်းပြီး ကန်တော်ကြီးပြည်သူ့ဥယဉ်တွင် နှစ်စဉ်ကျင်းပပေးနေပါသည်။ ထိုသို့ကျင်းပပေး နိုင်ရန်အတွက် ငွေကြေးကူညီမည့်သူများထံ စီမံချက်အဆိုပြုလွှာများတင်ပြပြီး အကူအညီရှာဖွေလေ့ရှိပါသည်။
ဤသို့သောအခန်းအနားများ၊ ပွဲများကို မသန်စွမ်းကလေးများအတွက် လိုအပ်သလိုကျင်းပပေးနိုင်ရန်အ တွက် စေတနာရှိများ၏ ပူးပေါင်းပါဝင်ပေးမှုသည် မရှိမဖြစ်လိုအပ်နေပါသည်။ ကူညီပေးနိုင်ကြပါရန်လည်း မေတ္တာဖြင့် ဖိတ်ခေါ်ပါရစေ။
ဧဒင်ရိပ်မြုံအနေဖြင့် ပရဟိတစိတ်ထားဖြင့် ပါဝင်ပေးသောစေတနာရှင်များ၏ပါဝင်မှုအားလုံးကိုလက်ခံ ပေးနေပါသည်။ မိမိ၏တန်ဖိုးရှိသောအချိန်များကို မသန်စွမ်းကလေးများအတွက်ပေးလိုသောသူများ၊ မိမိတို့၏ သားသမီများ၊ မိဘများ၊ မိတ်ဆွေများ၏မွေးနေ့ပွဲအလှူလုပ်ပေးလိုသောသူများ၊ နေ့ထူးနေ့မြတ်နှင့် နှစ်ပတ် လည်နေ့များတွင် အလှူလုပ်လိုသောသူများ၊ ထိခိုက်အလွယ်ဆုံးသောသူများအတွက် တစ်ခုခုလုပ်ပေးလိုသော သူများအားလုံး ဧဒင်ရိပ်မြုံသို့ လာရောက်ပေးလှူနိုင်ပါကြောင်း ဖိတ်ခေါ်ပါတယ်။
ပစ္စည်းဖြင့်လှူလိုသောသူများအနေဖြင့် မသန်စွမ်းကလေးများအား ပညာရေး၊ ပြန်လည်ထူထောင်ရေး ဝန်ဆောင်မှုများပေးရာတွင်လိုအပ်သော သင်ထောက်ကူပစ္စည်းများ၊ အားပြုကရိယာများ၊ လေ့ကျင့်ခန်းလုပ်ရာ တွင်အသုံးပြုမည့်ကရိယာများကိုလည်း လှူဒါန်းပေးနိုင်ပါသည်။
လတ်တလောတွင် LIFT မှပံ့ပိုးပေးထားသော “Business Innovative Facilities” စီမံချက်တစ်ခုထံမှ သူတို့စီမံချက်သက်တမ်းပြည့်ပြီး လုပ်ငန်းအဆုံးသတ်ထားပြီဖြစ်သောကြောင့် သူတို့သုံးသောစားပွဲများ၊ ထိုင်ခုံများ၊ ကွန်ပြူတာများနှင့် အခြားရုံးအသုံးအဆောင်များကို လာရောက်လှူဒါန်ပေးခဲ့ကြပါသည်။ကျွန်နုပ်တို့လက်မှာ တွဲကြပါစို့။