ဧဒင်ရိပ်မြုံသည် ၂၀၀၀ ပြည့်နှစ်မှစပြီး မသန်စွမ်းကလေးများ၏လိုအပ်နေသော ဝန်ဆောင်မှုများကိုလုပ်ဆောင်ပေး လာခဲ့ပါသည်။ ထိုသို့ပရဟိတစိတ်ဖြင့်ဆောင်ရွက်လာခဲ့သည်မှာ ဆယ်စုနှစ်နှစ်ခုကျော်လာခဲ့ပြီဖြစ်ပါသည်။ ဤ အစေခံသည့် ပရဟိတလုပ်ငန်းလုပ်ဆောင်ရာတွင် ဦးတည်အုပ်စုဝင်များဖြစ်သော မသန်စွမ်းသူများအတွက် အမြဲ တမ်း အကောင်းဆုံးဆောင်ရွက်ခဲ့ပါသည်။ လက်ရှိတွင် မသန်စွမ်းကလေး အယောက် (၃၀၀) ၏လိုအပ်နေသော ဝန်ဆောင်မှုအမျိုးမျိုးများကို လူတွေ့အားဖြင့်လည်းကောင်း၊ အွန်လိုင်းဖြင့်လည်းကောင်း ပုံမှန်လုပ်ပေးနေပါသည်။
ဧဒင်ရိပ်မြုံအနေဖြင့် မသန်စွမ်းကလေးများ၏ လိုအပ်နေသောဝန်ဆောင်မှုများပေးနေသည့်အပြင် ပြည်သူလူထု ကြား မသန်စွမ်းမှုအမြင်သစ်အသိပညာပေးခြင်းကို မသန်စွမ်းဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖေါ်ခြင်းမှတ ဆင့် အမြင်ဖွင့်ခြင်း၊ အကျုံးဝင်ခြင်းကိုမြှင့်တင်ခြင်း၊ မသန်စွမ်းဆိုင်ရာမူဝါဒများတိုးတက်ခိုင်မာလာရန် ဆောင်ရွက် ခြင်း၊ သုတေသနများပြုလုပ်ခြင်းနှင့် အရေးဆိုခြင်း၊ ဌာနဆိုင်ရာများ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်ခြင်း စသည်တို့ကိုလည်း အမြဲဆောင်ရွက်နေပါသည်။
မေတ္တာစစ်သည် အကြောက်တရားနှင့် ပေါင်းလို့မရပါ။ မေတ္တာသည် စိတ်ရှည်တတ်သည်။ ကျေးဇူးလည်းပြုတတ်သည်၊ အလွယ်တကူဒေါသမထွက်တတ်၊ အပြစ်ကို မှတ်ထားခြင်းမပြုပါ။ လက်စားခြေချင်စိတ်လည်းမရှိပါ၊ မဝါကြွားတတ်၊ မကြမ်းကြုတ်ပါ။